သျှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် လုပ်ငန်းပိုင်းဆိုင်ရာသဲ ကျင်းပြိုကျပြီး အမျိုးသား ၂ ဦး သေဆုံး ကာ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မေလ ၁၇ ရက် နံနက်ပိုင်းက ရွာငံမြို့နယ်၊ယကြီးကျေးရွာအနီးရှိ လုပ်ငန်းပိုင်းဆိုင်ရာ သဲကျင်းတစ်ခုတွင် ကျောက်သဲတူးနေစဥ် သဲကျင်းပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကျောက်သဲတူးနေသည့် အမျိုး သား ၂ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
” ဖြစ်တာကတော့လုပ်ငန်းခွင်တစ်ခုကပဲ ကျောက်တွေသဲတွေတူးနေရင်းကနေ အနားသတ်မြေနံရံ ပြိုကျပြီး ကျောက်တူးနေတဲ့ ၃ ယောက်ပေါ့ သဲတွေအကုန်ပိသွားတယ် ” ဟု သွားရောက်ကူညီပေး သူတစ်ဦးကပြောသည်။
ယင်းသို့ ကျော်သဲတူးနေစဥ် အနားသတ်မြေနံရံ ပြိုကျခဲ့ခြင်း ကြောင့် သဲကျင်းအတွင်း အလုပ်လုပ်နေသည့် အသက် (၂၀) အရွယ်လူငယ်အမျိုးသား ၂ ဦးမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။