သျှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာ အမျိုးသမီးတစ်ဦး ဆေးကြောင်ပြီး ၄ နှစ်အရွယ်ကလေးအား ရိုက်နှက်ကာ လည်ပင်းညစ်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်က တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်၊ နယ်မြေ(၁)မှာ အိမ်ငှားနဲ့ နေထိုင်တဲ့ မသန္တာဝေ ဟာ လင်ယောကျ်ားအလုပ်သွားနေချိန် ၎င်းရဲ့ လင်ပါသား ကလေးအား အိပ်ဖို့ချော့သိပ်ရာမှ ကလေးမအိပ်ဘဲ ငိုယိုနေတာကြောင့် ခြောက်လှန့်ရိုက်နှက်ပြီး ကလေးငယ်ရဲ့ လည်ပင်းအား ညစ်ခဲ့ရာမှ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဥ်ဖြစ်ပွားပြီး ကလေးငယ်ရဲ့ အလောင်းကို ဖျောက်ရန် ဆာလာအိတ်ထဲထည့်ကာ ပလပ်စတစ်ပုံးထဲသို့ ဝှက်ထားခဲ့တယ်လို့ သိရပါတယ်။
ညနေပိုင်းအချိန်မှာ အိမ်ရှင်ဖြစ်သူက ကလေးအား မတွေ့ရသဖြင့် မသန္တာဝေ အားမေးမြန်းရာ ရေရေရာရာ မပြောဆိုနိုင်တဲ့အတွက် အိမ်ရှင်ဖြစ်သူ အမျိုးသမီးက ရွှေတောင်ရပ်ကွက်ရုံးသို့ သွားရောက်တိုင်တန်းပြီး ရက်ကွက်အုပ်ချုပ်ရေးမှူးမှ လင်မယားနှစ်ယောက်စလုံးအား ခေါ်ယူစစ်ဆေး ရာမှ လူသတ်မှု ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
ဆုံးသွားတဲ့ ကလေးငယ်အား ခြောက်လန့်ရိုက်နှက်ပြီး ၎င်းက ဆေးကြောင်တဲ့အတွက် ကလေးရဲ့ လည်ပင်းညစ်ရာမှ အသက်ဆုံးရှုံးသွားရတာဖြစ်ကြောင်း ပြစ်မှုကျုးလွန်တဲ့ မသန္တာဝေ က ဝန်ခံထွက်ဆို ခဲ့တယ်လို့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။
လက်ရှိမှာတော့ ပြစ်မှုကျူးလွန်တဲ့ မသန္တာဝေ အား တောင်ကြီးမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
Photo – credit to owner