ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး၊ ကားနှင့်ငွေသားများ အပါအဝင်​ ရွှေချိန် ပိဿာလိုက် လုယက်ခံရ

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင် သေနတ်ပစ်ခံရပြီး သေဆုံး၊ ကားနှင့်ငွေသားများ အပါအဝင်​ ရွှေချိန် ပိဿာလိုက် လုယက်ခံရ

Hsan Loi Editor
14/05/2026
Share:
သျှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကာ ကားနှင့်ငွေသားများ အပါအဝင်​​​ရွှေချိန်ပိဿာလိုက် လုယက်ခံရကြောင်း သိရသည်။
ကျိုင်းတုံမြို့၊ ရပ်ကွက်(၃)၊ ကျိုင်းငမ်းဝပ်အင်းလမ်းတွင် မေ ၁၃ ရက်၊ မွန်းလွဲပိုင်းက ခေမာရဋ်ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ် သည် ဈေးမှဆိုင်သိမ်းပြီး ​မော်​တော်ယာဉ်ဖြင့် အိမ်သို့ ပြန်လာစဉ် ၄င်းအိမ်ရှေ့တွင် လုယက်ခံရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။
” ဖြစ်တာက ရွှေဆိုင်ပိုင်ရှင် အိမ်ရှေ့တင်ပဲ သားဖြစ်သူနဲ့အလုပ်သမား အမျိုးသမီးတစ်ယောက်လဲပါတယ်၊ လုတဲ့သူတွေက တစ်ခြားကားနဲ့လာပြီး ပစ်သွားတယ် ကားထဲရှိတဲ့လူတွေကို ဆွဲချခဲ့ပြီး ကားပါယူသွားတာ” ဟု ကျိုင်းတုံ ဒေသခံတစ်ဦးကပြောသည်။May be an image of one or more people, slow loris, hospital and text
ဦးစိုင်းယီတစ်ထံမှ လုယက်ယူ​ဆောင်ခံရသည့် ​ရွှေများမှာ သုံးပိဿာဟုလည်း​ကောင်း၊ ပိဿာ ၃၀ ခန့် ဟုလည်း​ကောင်း သတင်းအမျိုးမျိုးထွက်​ပေါ်​နေပြီး Hsan Loi Voice အ​နေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိ​သေး​​ပေ။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းယီတစ် တွင် သေနတ်ဒဏ်ရာ ၂ ချက် ရရှိခဲ့ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ လူသတ် ဓားပြတိုက်မှုဖြစ်စဥ်တွင် ကျူးလွန်သူများ လက်ရှိလွတ်မြောက်နေပြီး ကျိုင်းတုံမြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခန ဖြစ်ပွားလေ့ရှိသဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့် နေရကြောင်းသိရသည်။