ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

အာဆီယံက မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံနေပေမယ့် စိတ်ရှည်သီးခံပြီး အဖွဲ့ဝင်နိုင်ငံရဲ့ တာဝန်နဲ့အညီ ပူးပေါင်းဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ဌာနပြော

အာဆီယံက မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံနေပေမယ့် စိတ်ရှည်သီးခံပြီး အဖွဲ့ဝင်နိုင်ငံရဲ့ တာဝန်နဲ့အညီ ပူးပေါင်းဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဝန်ဌာနပြော

Hsan Loi Editor
11/05/2026
Share:

လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်နေပေမယ့် မြန်မာအနေနဲ့ စိတ်ရှည်သီးခံပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်ဝတ္တရားနဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့ ညပိုင်းက သဘောထားထုတ်ပြန် ခဲ့ပါတယ်။

ယခုလို အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို အစိုးရအသစ်လက်ထက်မှာ ဆက်လက် လုပ်ဆောင်ဖို့ ကြိုးပမ်းနေမှုတွေဟာ ဒီမိုကရေစီနည်းလမ်းတကျ မဲပေးခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာရောက်တယ်လို့ ပြောဆိုထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ မြန်မာအပေါ် ကန့်သတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ တန်းတူ ကိုယ်စားပြုတွေကို ချန်လှပ်ထားတာတွေကို ဆက်လက်ပြုလုပ်ဖို့ ကြိုးပမ်းနေပြီး အာဆီယံ ပဋိညာဉ် စာတမ်း အခန်း (၁)၊ အပိုဒ် (၂) ပါ အခြေခံမူတွေကို ဖောက်ဖျက်ပြီး အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ဝေဖန်ပြောဆိုတာ ဖိအားပေးတာတွေကို ဆောင်ရွက်နေတယ်လို့ ပြစ်တင် ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေပေါ်မူတည်ပြီး “မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဥ်” နဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြောရေးနဲ့ နိုင်ငံသားများရဲ့ အခြေခံအခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စပြီး ယနေ့အထိ အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ စစ်ခေါင်းဆောင် တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုထားပါဘူး။

စစ်ကောင်စီကိုယ်တိုင် သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (5-Point Consensus) အကောင်အထည်ဖော်မှုဟာလည်း ၅ နှစ်အတွင်း တိုးတက်ပြောင်းလဲမှုမရှိတဲ့အတွက် စိတ်ပျက် ရတယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတက မေ ၈ ရက်က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုထားသလို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ နည်းလမ်းသစ်တွေ ရှာဖွေနေကြ တယ်လို့သိရပါတယ်။