ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ ညအပြေးပြိုင်ပွဲလုပ်တဲ့အတွက် ယာဥ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပွား ပွဲစီစဥ်သူရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ရန်ကုန်နေပြည်သူများက ပြစ်တင်ဝေဖန်

ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ ညအပြေးပြိုင်ပွဲလုပ်တဲ့အတွက် ယာဥ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပွား ပွဲစီစဥ်သူရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ရန်ကုန်နေပြည်သူများက ပြစ်တင်ဝေဖန်

Hsan Loi Editor
11/05/2026
Share:
ယမန်နေ့ မေလ ၉ ရက် ညပိုင်းက ရန်ကုန်မြို့လည်ခေါင်ကြီးမှာ Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲပြုလုပ်ခဲ့ကာ ပွဲစီစဥ်သူရဲ့ စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် မြို့နေပြည်သူများ ပြစ်တင်ဝေဖန်ပြီး ညနေပိုင်း ရုံးဆင်းချိန်ဖြစ်တဲ့အတွက် ၃ နာရီနီးပါး ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့ ရန်ကုန်နေပြည်သူတစ်ဦး ထံမှ သိရပါတယ်။
“အပြေးပြိုင်ပွဲလုပ်တာက ဘာမှမပြောလိုဘူး၊ ဒါပေမယ့် အများသူငှာ ရုံးဆင်းချိန်၊ အလုပ်သမားတွေ အလုပ်ပြန်တဲ့ချိန်ကြီးမှာ လုပ်တော့ ယာဥ်ကြောပိတ်ဆို့မှုတွေဖြစ်ပြီး အားလုံးက ဒုက္ခရောက်ကုန် ကြတာ၊ ညအပြေးပြိုင်ပွဲဆိုလို့ ညဘက်လူရှင်းတဲ့ ၉ နာရီ ၁၀ နာရီမှာ လုပ်မယ်လို့ထင်နေတာ ညနေ ၆ နာရီခွဲချိန်မှာ လုပ်ကြတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
May be an image of lighting and twilight
အဲ့ဒီ အပျော်တန်းအပြေးပြိုင်ပွဲကို အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ ATOM ဆက်သွယ်ရေး အော်ပရေတာ က ဦးစီးကျင်းပတာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်အလိုကျ ရန်ကုန်မြို့မှာ Normalize ဖြစ်နေတယ်ဆိုပြီး ပုံဖော်နေတာလို့ မြို့ခံအချို့က ပြောပါတယ်။
ပြိုင်ပွဲမှာ ၁၅ ကီလိုမီတာနဲ့ ၅ ကီလိုမီတာ ဆိုပြီး ပြိုင်ပွဲ ၂ မျိုးပြုလုပ်ကာ ဆူးလေဘုရားလမ်းမှ စတင်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်လမ်း၊ အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ဗဟန်းလမ်း၊ နတ်မောက်လမ်း၊ ကန်ရိပ်သာလမ်း၊ အထက်ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနား လမ်း အထိသတ်မှတ်ထားပါတယ်။
Public announcement တစ်စုံတစ်ရာ မရှိဘဲ အများပြည်သူတွေ အဓိကသွားလာတဲ့ မိန်းလမ်းတွေ အကုန်ပိတ်ခဲ့တာကြောင့် ယာဥ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး ရုံးဝန်ထမ်းတွေ၊ အလုပ်သမားတွေ အိမ်ပြန်ချိန်နောက်ကျခဲ့ရတယ်လို့ သိရပါတယ်။
Photo – credit to owner