ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

သျှမ်းတောင် လဲချားနဲ့ ကျိုင်းတောင်း အနီးက ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား အပါအဝင် ၃၆ ဦး ဖမ်းဆီးရမိ

သျှမ်းတောင် လဲချားနဲ့ ကျိုင်းတောင်း အနီးက ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား အပါအဝင် ၃၆ ဦး ဖမ်းဆီးရမိ

Hsan Loi Editor
09/05/2026
Share:
သျှမ်းပြည်တောင်ပိုင်းက လဲချားမြို့နယ်နဲ့ ကျိုင်းတောင်းမြို့အနီးက အွန်လိုင်းလိမ်လည်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သူ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသားအပါအဝင် ၃၆ ဦး ကို မေလ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
May be an image of text
မေလ ၈ ရက်နေ့ နံနက်ပိုင်းက လဲချားမြို့နယ်၊ ဆီးဆောကျေးရွာရဲ့ အရှေ့ တောင်ဘက်အနီးမှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၅ ဦးနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၅ ဦး စုစုပေါင်း ၃၀ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
No photo description available.
ဒါ့အပြင် လူနေတဲ့ ၂ လုံး၊ လုပ်ငန်းသုံးတဲ ၁ လုံး၊ မီးဖိုဆောင် ၁ လုံး၊ All In One ၂ လုံးနဲ့ ဆက်စပ်ပစ္စည်း အပါအဝင် ဖျက်ဆီးထားတဲ့ ဖုန်းမျိုးစုံ အလုံး ၉၀ ပါ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
May be an image of one or more people, bangs and text
ယင်းနေ့ မွန်းလွဲပိုင်းမှာပဲ သျှမ်းတောင်၊ မိုင်းပန်မြို့နယ်၊ ကျိုင်းတောင်မြို့ တောင်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ မိုင်းပန်−ကျိုင်းတောင်း ကားလမ်းအနီးမှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား နောက်ထပ် ၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။May be an image of map and text
May be an image of campsite
May be an image of campsite and text
ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့စစ်ဆေးမှု လုပ်ဆောင်ပြီးပါက ဥပဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။
အခုနှစ် မေလအတွင်းမှာဘဲ သျှမ်းပြည်တောင်ပိုင်းက ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ ၁၀၀ ကျော်ကို စစ်အုပ်စုက ဖမ်းဆီးရမိခဲ့ပြီး ကျားဖြန့်လုပ်ငန်းမှာ နောက်ထပ်ပါဝင်ပတ်သက်သူတွေကိုလည်း ဆက်လက်ရှာဖွေ ဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
No photo description available.
No photo description available.
Photo – MOI