ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

မြန်မာ့အရေးဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှု အခန်းကဏ္ဍတို့အတွက် အဓိက စမ်းသပ်ချက် တစ်ခုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်ပြော

မြန်မာ့အရေးဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှု အခန်းကဏ္ဍတို့အတွက် အဓိက စမ်းသပ်ချက် တစ်ခုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင်ပြော

Hsan Loi Editor
09/05/2026
Share:
မြန်မာ့အရေးဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှု၊ ခံနိုင်ရည်ရှိမှုနဲ့ အရေးပါမှုတို့အတွက် အဓိက စမ်းသပ်ချက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် က ပြောကြားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ မနေ့က ကျင်းပပြုလုပ်တဲ့ (၄၈)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ သီးသန့်ဆွေးနွေးပွဲ (Informal retreat session)မှာ အနုတင်က ယခုလိုပြောကြားခဲ့တာပါ။
ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အထောက်အကူပြုစေရန် မြန်မာနိုင်ငံနဲ့ တဖြည်းဖြည်းချင်း သင့်လျော်သလို ပြန်လည်ထိတွေ့ဆက်ဆံသွားရန် ၎င်းက တိုက်တွန်းခဲ့ပြီး ထိုင်းနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ်တို့ကို ကူညီပံ့ပိုးပေးဖို့ အသင့်ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
No photo description available.
သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာတာနဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အကျဉ်းထောင်မှ နေအိမ် အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တာ အပါအဝင် အပြောင်းအလဲဖြစ်လာတာဟာ အကန့်အသတ် ရှိနေသော်လည်း အကျပ် အတည်း ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံအတွင်း တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် ကောင်းမွန်တဲ့ အရှိန်အဟုန်တစ်ခုကို ဖန်တီးပေးနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူလ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Photo – Thai Enquirer