ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

နမ့်စန်မြို့နယ်၊ နားရိုင်းဒေသမှာ နွေရာသီ သျှမ်းစာပေသင်တန်းဆင်းပွဲကျင်းပ

နမ့်စန်မြို့နယ်၊ နားရိုင်းဒေသမှာ နွေရာသီ သျှမ်းစာပေသင်တန်းဆင်းပွဲကျင်းပ

Hsan Loi Editor
07/05/2026
Share:
သျှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ နားရိုင်းဒေသ၊ နမ့်ဟူးမိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ အတွင်းက နွေရာသီသျှမ်းစာပေသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
May be an image of ‎one or more people, temple and ‎text that says '‎לאגיוהא TAIFRCEDOM TAI FREEDOM‎'‎‎
May be an image of one or more people
အဲ့ဒီသျှမ်းစာပေသင်တန်းဆင်းပွဲမှာ RCSS/SSA မှ ပြည်ထဲရေးဌာနခေါင်းဆောင် ဗိုလ်ချုပ် ခေးပျူ မှ အဖွင့်အမှာစကားပြောကြားရာမှာ မိမိတို့ သျှမ်းစာပေစကားကို တန်ဖိုးထားချစ်မြတ်နိုးတတ်ဖို့နဲ စာပေဟာ လူမျိုးတစ်မျိုးအတွက် အသက်သွေးကြောဖြစ်ပြီး မိဘတွေအနေနဲ့လည်း ၎င်းတို့ရဲ့ ကလေးများကို ကျောင်းတက်ပညာသင်ကြားဖို့နဲ့ လူမျိုးစုအားလုံးတို့ရဲ့ စာပေကို ချစ်မြတ်နိုး တန်ဖိုးထားဖို့ အားပေးသင့်တယ်လို့ ဆိုပါတယ်။
May be an image of one or more people and text
May be an image of text
ယခု နမ့်ဟူးမိုင်ကျေးရွာမှာ ကျင်းပတဲ့ နွေရာသီ သျှမ်းစာပေသင်တန်းဟာ ၉ ကြိမ်မြောက် ဖွင့်လှစ်ခဲ့ တာဖြစ်ကာ ကျောင်းသားကျောင်းသူ ၁၆၀ ဦး တက်ရောက်ပြီး သျှမ်းတိုင်းရင်းသားအပြင် ပအိုဝ်းနဲ့ အခြား တိုင်းရင်းသားများလည်း တက်ရောက်သင်ကြားခဲ့တယ်လို့ သိရပါတယ်။
May be an image of one or more people, tree and text
May be an image of text
May be an image of one or more people, flute and text
May be an image of textနွေရာသီကျောင်းပိတ်ရက်ရောက်တိုင်း သျှမ်းပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားများ အနေနဲ့ သျှမ်းစာပေ/စကား ရေးတတ် ဖတ်တတ် ပြောဆိုတတ်နိုင်ဖို့အတွက် အမြို့မြို့အနယ်နယ်က သံဃာတော်များ၊ သျှမ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့များနဲ့ ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး နွေရာသီ သျှမ်းစာပေ သင်တန်းကို အခမဲ့ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိပါတယ်။
Photo – Tai Freedom