ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

“ဝ”တပ်ထိန်းချုပ်တဲ့နယ်မြေထဲက နယ်စပ်ခြံစည်းရိုးကျောက်တိုင်အနီး သံသယဖြစ်ဖွယ် လှုပ်ရှားမှုရှိပါက “ဝ”ရဲတပ်ဖွဲ့ထံ သတင်းပေးပို့တိုင်ကြားရန် တိုက်တွန်းထား

“ဝ”တပ်ထိန်းချုပ်တဲ့နယ်မြေထဲက နယ်စပ်ခြံစည်းရိုးကျောက်တိုင်အနီး သံသယဖြစ်ဖွယ် လှုပ်ရှားမှုရှိပါက “ဝ”ရဲတပ်ဖွဲ့ထံ သတင်းပေးပို့တိုင်ကြားရန် တိုက်တွန်းထား

Hsan Loi Editor
06/05/2026
Share:
“ဝ”တပ် UWSA ထိန်းချုပ်တဲ့ နယ်မြေအတွင်းက မြန်မာ−တရုတ် နယ်စပ်ခြံစည်းရိုး ကျောက်တိုင်အနီးမှာ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေ့ရှိပါက နီးစပ်ရာ “ဝ”ရဲတပ်ဖွဲ့ထံ ချက်ချင်း သတင်းပို့ တိုင်ကြားကြရန် “ဝ”ပြည် တရားရေးကော်မရှင်က တိုက်တွန်းထားတယ်လို့ “ဝ”ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
No photo description available.
လက်ရှိ “ဝ”ဒေသအတွင်းက နယ်စပ်တလျှောက်ဒေသတွေမှာ စောင့်ကြည့်မှုတွေ အထူးတင်းကြပ် ထားပြီး လှည့်ကင်းလှည့်တာတွေ လုပ်ဆောင်နေသလို ညဘက်တွေမှာလည်း အရေးကြီးလမ်းပိုင်း တွေကို စောင့်ကြည့်တဲ့စနစ်နဲ့ ၂၄ နာရီဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက “ဝ”တပ် ထိန်းချုပ်တဲ့ နမ့်တစ်(မန်ခါး)ဂိတ်နဲ့ ကိုးကန့်တပ် ထိန်းချုပ်တဲ့ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ရွှေလီတို့ဘက်တွေမှာရှိတဲ့ နယ်စပ်စည်းမျဥ်းတွေကိုကျော်ပြီး တရုတ်ဘက်က ခြံစည်းရိုးအသစ်နဲ့ မြန်မာဘက်ခြမ်းသို့ တိုးချဲ့ကျုးကျော်ခြံခတ်လာပြီးတဲ့နောက် “ဝ”တပ် က ယခုလို နယ်စပ်လုံခြုံရေးတိုးမြင့် ဆောင်ရွက်လာတာပဲဖြစ်ပါတယ်။
No photo description available.
တရုတ်ဘက်က နယ်မြေကျူးကျော်ကာ ခြံစည်းရိုးခတ်လာတာနဲ့ ပတ်သက်ပြီး အာဏာသိမ်း အစိုးရဘက်က ယနေ့ချိန်ထိ နှုတ်ဆိတ်နေပြီး တစ်စုံတစ်ရာထုတ်ပြန်ထားတာမရှိသေးပါဘူး။
Photo – WSP