ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

7 EAO Alliance ရဲ့ ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ လုပ်ငန်းလမ်းညွှန်များ အတည်ပြုချမှတ်နိုင်ခဲ့

7 EAO Alliance ရဲ့ ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ လုပ်ငန်းလမ်းညွှန်များ အတည်ပြုချမှတ်နိုင်ခဲ့

Hsan Loi Editor
06/05/2026
Share:
NCA လက်မှတ်ရေးထိုးထားတဲ့ 7 EAO Alliance ရဲ့ (၈/၂၀၂၆) ဦးဆောင်အဖွဲ့ အစည်းအဝေးကို မေလ ၅ ရက်နေ့မှာ Video Conferencing နဲ့ပြုလုပ်ခဲ့ပြီး လုပ်ငန်းလမ်းညွှန်များ အတည်ပြုချမှတ်နိုင်ခဲ့တယ်လို့ 7 EAO Alliance ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အစည်းအဝေးကို 7 EAO Alliance ဦးဆောင်အဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၊ ဒုတိယ အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းနဲ့ ဦးဆောင်အဖွဲ့ဝင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေ၊ အကြံပေးပုဂ္ဂိုလ် လုပ်ငန်းကော်မတီ များရဲ့ ညှိနှိုင်းရေး မှူးတွေနဲ့ အထူးဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။May be an image of one or more people and text that says '200m z0om Workp Workplace 1 B/2026 EALeading Tean Meeting Mute --- CSSCMOffice !! Mute --- EADALLVINCEOFFICE Mute -. Naw PowHtoo Askto Asktounmute -• 20281) howin Khuenssi Arkar Thainurak SawAungKaung Shiwe Sclomon General lrwe Win WinHlaing Hlaing OngMange Cal SanK SaN /20 Than Htay Saw SawMraRazsLinn RazaLinn KyaP yaPhaiLDU DU Khairg neNaing Aung KyaYarKote 1.5ang Ham Aung'sDad WSc เก MiDa MiDayWiChar WiChar Nyaw Nyaw NyawNyaw_ 7E 7E.. Nang Soe BW_TEA affice Nang Soe'
အစည်းအဝေးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေ၊ နိုင်ငံတကာ အခင်းအကျင်းနဲ့ အတွင်းရေးမှူးအဖွဲ့ရဲ့ အစီရင်ခံတင်ပြမှုတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့အစည်းအဝေးကြီးမှာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်မှုနဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ 7 EAO ရဲ့ မဟာဗျူဟာဆိုင်ရာနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်ရေးဆိုင်ရာ ထိတွေ့ ဆက်ဆံမှုစည်းမျဉ်းတွေ၊ အတွင်းရေးမှူးအဖွဲ့မှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်တွေကို အတည်ပြုချမှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
7 EAO Alliance အဖွဲ့မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ပါဝင်ပါတယ်။