ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

လုပ်ခလစာမရလို့ အလုပ်ရှင်ကို သတ်ဖြတ်ပြီး ထွက်ပြေးခဲ့တဲ့ မြန်မာလုပ်သား ၄ ဦး ချင်းရိုင်းမှာ ဖမ်းဆီးရမိ

လုပ်ခလစာမရလို့ အလုပ်ရှင်ကို သတ်ဖြတ်ပြီး ထွက်ပြေးခဲ့တဲ့ မြန်မာလုပ်သား ၄ ဦး ချင်းရိုင်းမှာ ဖမ်းဆီးရမိ

Hsan Loi Editor
03/05/2026
Share:
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ရှိ အလုပ်သမားစခန်းတစ်ခုမှာ အလုပ်ရှင်ကို သတ်ဖြတ်ပြီး ထွက်ပြေးသွားခဲ့တဲ့ သံသယရှိသူ မြန်မာအလုပ်သမား ၄ ဦးကို မြန်မာ−ထိုင်းနယ်စပ် ချင်းရိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
No photo description available.
ဖြစ်စဥ်မှာ မေလ ၁ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်မှာ သံသယရှိသူ ၄ ဦးက ၎င်းတို့နဲ့ အတူ အလုပ်သမားစခန်းမှာ နေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် သျှမ်းတိုင်းရင်းသား(ထိုင်းယိုင်) အလုပ်ရှင်ဖြစ်သူ နိုင်းဆုမ်ချိုင်း ကို သတ်ဖြတ်ရန် ကြံစည်ခဲ့တာဖြစ်ပါတယ်။
အဓိက အကြောင်းရင်းမှာ အလုပ်ရှင်ဖြစ်သူက အလုပ်သမားများကို လုပ်ခလစာ ပေးချေခြင်းမရှိဘဲ ဖြတ်တောက်ထားခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သေဆုံးသူ အလုပ်ရှင် အိပ်ပျော်နေစဥ်မှာ ဆု(Su) နဲ့ ယောင်း(Yao)က အိပ်ပျော်နေတဲ့ ဆုမ်ချိုင်းရဲ့ လည်ပင်းကို ဓါးနဲ့ လှီးဖြတ်ပြီး ဒမ်(Dam) နဲ့ ဘော့စ်(Boss) က ကင်းစောင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ ကျုးလွန်ပြီးတဲ့နောက် အလုပ်သမားစခန်းမှ ခြေကျင်ထွက်ပြေးခဲ့တာကို CCTV မှတ်တမ်းများအရ တွေ့ရှိခဲ့ရပြီး ချင်းရိုင်းခရိုင်မှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် ကြိုးပမ်းနေစဥ် ဝပ်ရွန်ခွန် (Wat Rong Khun) အနီးမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
May be an image of one or more people, scooter and street
သံသယရှိသူ ၄ ဦးစလုံးကို လူသတ်မှုနဲ့ တရားစွဲဆိုထားပြီး ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်းချိန်မှာ ၎င်းတို့ရဲ့ ပြစ်မှုကို ဝန်ခံထွက်ဆိုခဲ့ပြီး လုပ်ခလစာများကို အမြဲတမ်းတောင်းဆိုနေရပြီး အချို့မှာ မရရှိတာကြောင့် စိတ်နာကာ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။
လက်ရှိမှာတော့ လူသတ်မှုကျုးလွန်သူတွေကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့ မဲရင် (Mae Rim) ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။
Photo – Chiang Mai News