မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား

အကျဉ်းသား/သူ ၁၅၀၀ ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

အကျဉ်းသား/သူ ၁၅၀၀ ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

Hsan Loi Editor
30/04/2026
Share:
အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦး ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ယနေ့ ဧပြီ ၃၀ ရက်နေ့မှာ အာဏာသိမ်း သမ္မတက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ယခုလွတ်ငြိမ်းခွင့်ပေးတာဟာ ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်နဲ့ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ပြန်လည်ပါဝင်နိုင်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။
အကျဥ်းသား/သူ ၁၅၀၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒဏ်မှအပြင် ကျခံရန် ကျန်ရှိသည့်ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျန်ရှိတဲ့ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
ဒါ့အပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် အကျဥ်းထောင်/အချုပ် ထောင် အသီးသီးမှ နိုင်ငံခြားသား အကျဥ်းသား/သူ ၁၁ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ကျန်ရှိနေတဲ့ အကျဥ်းသား/သူများကို ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက် မတိုင်မီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုခုနဲ့ စပ်လျဥ်းပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ၎င်းတို့ ကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ သိရှိရပါတယ်။