မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား

အီရန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပါကစ္စတန်သို့ စေလွတ်မယ့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်တွေရဲ့ ခရီးစဥ်ကို ထရမ့် ဖျက်သိမ်းလိုက်တာကြောင့် ရေနံဈေးနှုန်းများ ပြည်လည်မြင့်တက်လာ

အီရန်နဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပါကစ္စတန်သို့ စေလွတ်မယ့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်တွေရဲ့ ခရီးစဥ်ကို ထရမ့် ဖျက်သိမ်းလိုက်တာကြောင့် ရေနံဈေးနှုန်းများ ပြည်လည်မြင့်တက်လာ

Hsan Loi Editor
27/04/2026
Share:
အီရန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပါကစ္စတန်နိုင်ငံသို့ စေလွှတ်မယ့် အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်နှစ်ဦးရဲ့ ခရီးစဉ်ကို သမ္မတဒေါ်နယ်ထရမ့်က ဖျက်သိမ်းလိုက်ပြီးနောက် တနင်္ဂနွေနေ့ မှာ ရေနံစျေးနှုန်းနဲ့ စတော့ဈေးကွက်များ မြင့်တက်လာခဲ့ပါတယ်။
သမ္မတထရမ့်ရဲ့ ဆုံးဖြတ်ချက်အပြောင်းအလဲကြောင့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးအတွက် လမ်းစပျောက်နေပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အောက်မှာသာ ရှိနေပြီး ရှေ့မတိုးနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။
တစ်ချိန်တည်းမှာပင် အမေရိကန်နဲ့ အီရန်တို့ဟာ ပါရှန်းပင်လယ်ကွေ့နဲ့ ကမ္ဘာ့ရေနံတင်ပို့မှုမှာ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား(Strait of Hormuz) ရှိ သင်္ဘောလိုင်းများကို အပြန်အလှန် ပိတ်ဆို့ ရန် ကြိုးပမ်းခြင်းဖြင့် တစ်ဖက်နဲ့တစ်ဖက် စီးပွားရေးအရ ထိုးနှက်နေကြတာ ဖြစ်ပါတယ်။
ကမ္ဘာရေနံဈေးကွက်ရဲ့ စံနှုန်းဖြစ်တဲ့ ဘရန့်ဒ်(Brent) ရေနံစိမ်း ဈေးနှုန်းဟာ လာမည့်စာချုပ်များအတွက် ၁ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး ဇွန်လအတွက် ရေနံတန်ဖိုး ခန့်မှန်းချက်မှာ တစ်စည်လျှင် ၁၀၇ ဒေါ်လာဝန်းကျင်သို့ရောက် ရှိသွားပြီး ဇူလိုင်လအတွက်မှာမူ တစ်စည်လျှင် ၁၀၁ ဒေါ်လာအထိ မြင့်တက်ခဲ့ပါတယ်။
May be an image of oil refinery
စစ်ပွဲကြောင့် ရေနံရရှိရန် ခက်ခဲနေသဖြင့် လူအများစုမှာ ရေနံကို အမြန်ရရှိနိုင်ဖို့ ပုံမှန်ထက် ဈေးပိုပေးတဲ့ ဆန္ဒရှိနေပြီး အမေရိကန်ရေနံစိမ်း(WTI) ဈေးနှုန်းမှာလည်း ဇွန်လစာချုပ်အတွက် ၂ ရာခိုင်နှုန်းခန့် မြင့်တက်ကာ တစ်စည်လျှင် ၉၆ ဒေါ်လာ ဝန်းကျင်သို့ ရောက်ရှိလာခဲ့ပါတယ်။
တနင်္လာနေ့ အမေရိကန်စတော့ဈေးကွက် ဖွင့်လှစ်ချိန်မှာ S&P 500 အညွှန်းကိန်းသည် ၀.၁ ရာခိုင်နှုန်းခန့် အနည်းငယ် မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
ပြီးခဲ့သည့်အပတ်က ၎င်းအညွှန်းကိန်းဟာ ၀.၅ ရာနိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လေးပတ်ဆက်တိုက် မြင့်တက်ခဲ့တဲ့ မှတ်တမ်းဝင် ခဲ့ပါတယ်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ အမြောက်အမြား တင်သွင်းနေရတဲ့ အာရှနိုင်ငံများရဲ့ စတော့ဈေးကွက် များမှာလည်း သိသိသာသာ မြင့်တက်ခဲ့ပါတယ်။
ရင်းနှီးမြှုပ်နှံသူများနဲ့ စီးပွားရေးအကဲခတ်သူများကတော့ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကူးသန်း ရောင်းဝယ်ရေး အချက်အချာကျတဲ့ ဟော်မုဇ်ရေလက်ကြားရဲ့ အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသလို နှစ်နိုင်ငံအကြား တင်းမာမှုများ ဆက်ရှိနေဦးမည်ဆိုပါက ကမ္ဘာ့စွမ်းအင် ကဏ္ဍနဲ့ ငွေကြေးဈေးကွက်အပေါ် ရိုက်ခတ်မှုများ ပိုမိုပြင်းထန်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်နေကြပါတယ်။
ကိုးကား − The New York Time