မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား

တောင်ကြီးယာယီညစျေး ဆောက်လုပ်ရေးလုပ်ငန်းခွင် ပေါ့ဆမှုကြောင့် အကာအရံမရှိတဲ့ တွင်းကြီးထဲ အမျိုးသားတစ်ဦး ပြုတ်ကြပြီး သံချောင်းစိုက်ဝင် သေဆုံး

တောင်ကြီးယာယီညစျေး ဆောက်လုပ်ရေးလုပ်ငန်းခွင် ပေါ့ဆမှုကြောင့် အကာအရံမရှိတဲ့ တွင်းကြီးထဲ အမျိုးသားတစ်ဦး ပြုတ်ကြပြီး သံချောင်းစိုက်ဝင် သေဆုံး

Hsan Loi Editor
27/04/2026
Share:
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ နာရီစင်စျေးတန်းကို မြို့မစျေးကြီးရဲ့မြောက်ဘက်သို့ ပြောင်းရွှေ့ပေးဖို့ ယာယီညစျေးဆောက်လုပ်နေတဲ့ ဆောက် လုပ်ရေးလုပ်ငန်းခွင်အတွင်း တာဝန်ယူ တည်ဆောက်တဲ့ ကုမ္ဗဏီရဲ့ ပေါ့ဆမှုကြောင့် အကာအရံမရှိတဲ့ တွင်းကြီးထဲသို့ အမျိုးသားတစ်ဦး ပြုတ်ကြပြီး သံချောင်းစိုက်ဝင် သေဆုံးသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက် ည ၈ နာရီဝန်းကျင်အချိန်က မြို့မစျေး အနောက် မြောက်ဖက်ထောင့်မှာ အိမ်သာအတွက် ဆောက်ရန်တူးထားတဲ့ ၁၀ ပေပတ်လည် အနက်ရှိ တွင်းကြီးထဲကို စျေးတောင်ဖက် ကနေ မြောက်ဖက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီး တွင်းထဲသို့ ထိုးကျသွားတာဖြစ်ပါတယ်။
အဲ့ဒီလုပ်ငန်းခွင်ကို City Square ပိုင်ရှင် သီဟဆောက်လုပ်ရေးကုမ္ဗဏီက တာဝန်ယူ တည်ဆောက်နေတာဖြစ်ပြီး ၎င်းရဲ့လုပ်ငန်းခွင်ပေါ့ဆမှုကြောင့် လူသေဆုံးမှုဖြစ်တာကို သတင်းဖုံးထားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ အိမ်သာဆောက်ဖို့ တူးထားတဲ့တွင်းကြီးကို အကာအရံမထား Safety သေချာမလုပ်ဘဲ အခုလို မဖြစ်သင့်တာတွေ ဖြစ်သွားတာ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးအရေးယူသင့်ပါတယ်၊ အခုဖြစ်တဲ့ Case ကို ဘယ်သူမှ မပြောရဲဘူး” လို့ ဆိုပါတယ်။
တွင်းထဲသို့ ပြုတ်ကျသွားတဲ့ ဆိုင်ကယ်သမား အမျိုးသားဟာ အရပ်ရှည်ပြီး အသားညိုသူဖြစ်ကာ ၎င်းရဲ့ မိသားစုနဲ့ အဆက်အသွယ် ရမရတော့ မသိရသေးပါဘူး။
ဖြစ်စဥ်ဖြစ်တဲ့ညမှာ တူးထားတဲ့ တွင်းနက်ကြီးကို အကာအရံတခုမှ ကာထားခြင်းမရှိဘဲ နောက်နေ့မနက်မှာ တွင်းကြီးကို စလစ်အမြန်လာလောင်းလိုက်တယ်လို့ မျက်မြင်ကိုယ်တွေ့ တစ်ဦးက ဆိုပါတယ်။
ယခုဖြစ်စဥ်ကို တောင်ကြီးစည်ပင်သာယာရေးအဖွဲ့က ယနေ့ချိန်ထိ တစုံတရာ ထုတ်ပြန်တာ မရှိသလို သီဟဆောက်လုပ်ရေးကုမ္ဗဏီဘက်ကလည်း ၎င်းရဲ့ စီမံကိန်းပျက်အောင် မဟုတ်မမှန် ရေးသားနေတယ်လို့ ငြင်းဆိုပေမယ့် မြို့မစျေးသူစျေးသားတွေနဲ့ စဝ်စံထွန်းဆေးရုံရဲ့ အတည်ပြုချက်အရ လူသေဆုံးတဲ့ဖြစ်စဥ်အမှန်ဖြစ်တယ်လို့ Taunggyi Support Revolution ရဲ့ သတင်းရင်းမြစ်အရ သိရပါတယ်။