မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား

အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို

အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို

Hsan Loi Editor
27/04/2026
Share:
စနေနေ့ညက ကျင်းပပြုလုပ်တဲ့ အိမ်ဖြူတော်သတင်းထောက်များအသင်း (White House Correspondents’ Association) ညစာစားပွဲမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံများ ကြားရပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မီလန်နီယာ ထရမ့်တို့ကို လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့ (Secret Service) အေးဂျင့်များက အခမ်းအနားအတွင်းမှ အရေးပေါ် ခေါ်ထုတ်သွားခဲ့ရကြောင်း သိရပါတယ်။
ထရမ့်ကို အခမ်းအနားအတွင်းမှ အရေးပေါ် ခေါ်ထုတ်သွားပြီးနောက် တစ်နာရီခန့်အကြာမှာ “ သေနတ်သမားကို ဖမ်းဆီးရမိပြီ” လို့ ထရမ့်က ၎င်းရဲ့ Truth Social လူမှုမီဒီယာတွင် ပို့စ်တင်ခဲ့ပါတယ်။
“ ဒီည ဒီစီ (D.C.) မှာ ဖြစ်ပျက်ခဲ့တာတွေက တကယ့်ကို ထူးခြားတဲ့ ညတစ်ညပါပဲ။ လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့နဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေက အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြပါတယ်” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။
ပေါက်ကွဲသံများ ကြားရပြီးနောက် ညစာစားပွဲသို့ တက်ရောက်လာသူများမှာ စကားပြောဆိုမှုများ ချက်ချင်းရပ်သွားကာ
“ ဝပ်နေကြ၊ ဝပ်နေကြ!” ဟု အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ပါတယ်။
ညစာစားပွဲသို့ တက်ရောက်လာသူ ဧည့်သည်ပေါင်း ၂,၆၀၀ ခန့်အနက် အများအပြားမှာ ဘေးလွတ်ရာသို့ ပုန်းအောင်းခဲ့ကြပြီး စားပွဲထိုးများမှာလည်း ခန်းမရှေ့ဘက်သို့ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
ကိုးကား − Reuters