သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လင်းခေးမြို့ရှိ နမ့်တိန်းချောင်းအတွင်း ရေနှစ်သွားတဲ့ ကလေး သေဆုံးလျက်ပြန်တွေ့

လင်းခေးမြို့ရှိ နမ့်တိန်းချောင်းအတွင်း ရေနှစ်သွားတဲ့ ကလေး သေဆုံးလျက်ပြန်တွေ့

Hsan Loi Editor
20/04/2026
Share:
သျှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့ရှိ နမ့်တိန်းချောင်းအတွင်း ရေနှစ်သွားတဲ့ကလေး သေဆုံးလျက် အလောင်းပြန်တွေ့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
May be an image of kayak
ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက် နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က နမ့်တိန်းချောင်းအတွင်း ရေဆင်းချိုးရာမှ ရေနှစ်သွားတဲ့ ကလေးငယ်အား လင်းခေးမြို့ မီးသတ်တပ်ဖွဲ့မှ ရှာဖွေရေးလုပ်ငန်း လုပ်ဆောင်ပြီး ယမန်နေ့ ဧပြီလ ၁၉ ရက် မွန်းလွဲပိုင်းမှာ အလောင်းပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
No photo description available.
“သူ့အမေပြောတာတော့ မီတာခသွားဆောင်မယ်ဆိုပြီးသွားတာပေါ့၊ ပြီးမှ ရေချောင်းမှာ ရေသွားချိုးရင်း ရေနှစ်သွားတာလို့တော့ သိရတယ်၊ အသက်ငယ်ငယ်လေးပဲရှိသေးတယ်၊ မနေ့က မွန်းလွဲပိုင်းလောက်မှာ မီးသတ်အဖွဲ့တွေ ပန်ကျိုင်းနားမှာ အလောင်းပြန်တွေ့တာ” လို့ လင်းခေးမြို့ခံတစ်ဦးက Hsan Loi Voice ကိုပြောပါတယ်။
May be an image of kayak
ရေနှစ်သေဆုံးသွားတဲ့ ကလေးဟာ လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်နေ အသက် ၁၂ ခန့်အရွယ်ရှိ စိုင်းပိုင်ခမ်း ဖြစ်တယ်လို့ သိရပါတယ်။
ရေအတိမ်အနက် မသိတဲ့ နမ့်တိန်းချောင်းထဲ ရေဆင်းချိုး၊ ရေဆော့ကစားမယ်ဆိုပါက လူကြီး လူငယ်မရွေး အထူးဂရုပြုကြရန် မြို့ခံတွေက သတိပေးထားပါတယ်။
Photo – လင်းခေးမီးသတ်တပ်ဖွဲ့