သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လာမယ့်သီတင်းပတ်မှာ ထိုင်းဒုဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်မည်

လာမယ့်သီတင်းပတ်မှာ ထိုင်းဒုဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်မည်

Hsan Loi Editor
19/04/2026
Share:
ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ သီဟာဆတ် ဖူအန်းကေကျောင် (Sihasak Phuangketkeow)ဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် လာမယ့်သီတင်းပတ်အတွင်း နေပြည်တော်သို့ လာရောက်ဖို့ စီစဉ်ထားတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားဖော်ပြပါတယ်။
အခုခရီးစဉ်ဟာ သင်္ကြန်ကာလအတွင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင် ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြစ်ဒဏ်များ လျှော့ပေါ့ပေးလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ထိုင်းသတင်းရင်းမြစ်အရ သီဟာဆတ် ဟာ ဧပြီ ၂၂ ရက်နေ့မှာ နေပြည်တော်ရှိ အာဏာသိမ်းအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များနဲ့ ရွေးကောက်ပွဲအလွန် မြန်မာ့အရေး အခြေအနေများ ဆွေးနွေးသွားရန် ရှိတယ်လို့ သိရပါတယ်။
သီဟာဆတ် ဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးမှ စစ်တပ် ကျောထောက်နောက်ခံပြု အစိုးရအဖြစ် ကူးပြောင်းချိန် နေပြည်တော်သို့ ပထမဆုံး လာရောက်တဲ့ အာဆီယံခေါင်းဆောင်တစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုပြီးတဲ့နောက် အာဆီယံအဖွဲ့သည် မြန်မာခေါင်းဆောင်များကို အာဆီယံ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့ပြီး အာဆီယံအနေဖြင့် အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးအရ ဆွေးနွေးမှုများနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အပါအဝင် မူဝါဒ ၅ ချက် (Five-Point Consensus) ကို အကောင်အထည်ဖော်ရန် နေပြည်တော်အစိုးရအား အစဉ်တစိုက် တိုက်တွန်းလျက်ရှိပါတယ်။
အာဆီယံအနေဖြင့် မြန်မာ့ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုထားခြင်း မရှိသော်လည်း သီဟာဆတ် ၏ ယခုခရီးစဉ်ဟာ ထိုင်းနိုင်ငံက အာဏာသိမ်းအစိုးရသစ်ကို တရားဝင်အသိအမှတ်ပြုလိုက်သလို ဖြစ်တယ်လို့ ရှုမြင်နိုင်ကြောင်း သိရပါတယ်။
ကိုးကား − Thai PBS world