သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

ကိုဗစ်ကပ်ရောဂါ၊ နိုင်ငံရေးအပြောင်းအလဲနဲ့ ငလျင်ဘေးကြောင့် မကျင်းပနိုင်တဲ့ အင်းလေးရေပေါ် သင်္ကြန် စည်ကားစွာပြန်လည်ကျင်းပ

ကိုဗစ်ကပ်ရောဂါ၊ နိုင်ငံရေးအပြောင်းအလဲနဲ့ ငလျင်ဘေးကြောင့် မကျင်းပနိုင်တဲ့ အင်းလေးရေပေါ် သင်္ကြန် စည်ကားစွာပြန်လည်ကျင်းပ

Hsan Loi Editor
16/04/2026
Share:
ကိုဗစ်ကပ်ရောဂါ၊ နိုင်ငံရေးအပြောင်းအလဲနဲ့ ငလျင်ဘေးကြောင့် မကျင်းပနိုင်ခဲ့တဲ့ အင်းလေးရေပေါ် သင်္ကြန်ကို အခုနှစ်မှာတော့ စည်ကားသိုက်မြိုက်စွာနဲ့ ပြန်လည်ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
May be an image of kayak and text
ယမန်နေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ရေလည်ခန်းမှာ ကျင်းပနေတဲ့ အင်းလေးရေပေါ်သင်္ကြန် မြင်ကွင်းပဲဖြစ်ပါတယ်။
May be an image of one or more people and crowd
ယခုနှစ် အင်းလေးရေပေါ်သင်္ကြန်ကို အင်းလေးဒေသက ရိုးရာယဥ်ကျေးမှုအလှအပတွေ ဖော်ထုတ်တဲ့ အနေနဲ့ အစီအစဥ်တွေများစွာထည့်သွင်းကျင်းပတယ်လို့လည်း သိရပါတယ်။
May be an image of one or more people, speaker and crowd
အင်းလေးရေပေါ်သင်္ကြန်ကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့တာ ဖြစ်ပြီး နောက်နှစ်မှာတော့ COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရပ်နားခဲ့ရကာ ၂၀၂၃ ခုနှစ်မှ ပြန်လည်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။
May be an image of one or more people
ယမန်နှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် အင်းလေးဒေသမှာလည်း ထိခိုက်ပျက်စီးမှုအများဆုံးရှိခဲ့ပါတယ်။ ငလျင်ဒဏ်ကြောင့် ပြီးခဲ့တဲ့နှစ် သင်္ကြန်မှာ ကျင်းပနိုင်ခြင်း မရှိဘဲ ယခုနှစ်မှာတော့ စည်စည်ကားကားနဲ့ ပြန်လည်ကျင်းပနေတာပဲဖြစ်ပါတယ်။May be an image of one or more people and boat
အင်းလေးဒေသရဲ့ ခရီးသွားလုပ်ငန်းမြင့်တင်ဖို့နဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေ ဆွဲဆောင်ဖို့အတွက် ဒေသအာဏာပိုင်တွေနဲ့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေ အားစိုက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။
May be an image of one or more people, boat, temple and text
Photo – Credit to owner