သျှမ်းပြည်အရှေ့ပိုင်း ၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက် ၊ ဝမ်မိုင်ရပ်ရှိ နာမည်ကြီး ကာစီနို Regina(ရီဂျီးနား) ဟိုတယ်မြေအောက်ခန်းတွင် အွန်လိုင်း လောင်ကစားပြုလုပ်သူ ထိုင်းနိုင်ငံသား ၄၀ ဦး နှင့် အတူ အွန်လိုင်း လောင်းကစား ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ ကြောင်းသိရသည်။
” အွန်လိုင်းဂိမ်း နဲ့ မသက်ဆိုင်တဲ့ ဝန်ထမ်းတွေနဲ့ ကာစီနို လာဆော့တဲ့ဧည့်သည်တွေ ကိုတော့ ပြန်လည်လွတ်ပေးတယ် ၊ညပိုင်းရောက်တော့လည်း တာချီလိတ်က တစ်ခြား နာမည်ကြီးကာစီနိုဟိုတယ်တွေ လည်းဝင်စစ်သေးတယ် ” ဟု တာချီလိတ်သတင်းရင်းမြစ်ကပြောသည်။
ဧပြီလ ၂ ရက်နေ့ နေ့လည် ၁ နာရီတွင် စစ်ကောင်စီ ပူးပေါင်းအဖွဲ့များ က ဟိုတယ်အတွင်း ဝင်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြေအောက်ထပ် ဟိုတယ်ပစ္စည်းများ သိမ်းဆည်းသည့်အခန်း ၈ ခန်းအတွင်း အွန် လိုင်း လောင်ကစားပြုလုပ်သူ ထိုင်းနိုင်ငံသား အမျိုးသား ၂၉ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့ကို လောင်းက စား ဆက်စပ်ပစ္စည်း များ၊ ထိုင်ဘတ် ငွေ များ နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဟိုတယ်၏မြေအောက်ခန်း၊ ပစ္စည်း သိုလှောင်ထားသည့်အခန်းများအား သက်ဆိုင်ရာ မှ ဝင်ရောက်ရှာဖွေခဲ့ရာဟိုတယ်
မြေအောက်ထပ် အခန်း ၈ ခန်းအတွင်း မှ မော်နီတာ(၂၃၆)လုံး၊ system ပုံး(၁၀၂) လုံး၊ CPU(GBS) (၈၄)လုံး၊ ဖုန်းမျိုးစုံ(၄၀၁)လုံး၊ စားပွဲ (၈၃)လုံး၊ ထိုင်ခုံ(၁၁၉)လုံး၊ လပ်တော့ ကွန်ပျူ တာ (၁၇)လုံးနှင့်အတူ မီးခံသေတ္တာအတွင်းရှိ ထိုင်းဘတ်ငွေ(၆၅)သိန်းဘတ်အားဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။
ညပိုင်း တွင်လည်း လားဟူလူမျိုးသူဌေး ပိုင်ဆိုင်သော ရွှေဗူးသီး ဟိုတယ် နှင့် အာခါလူမျိုး သူဌေးပိုင်ဆိုင်သော ဇန်းမွန်အာခါ ဟိုတယ် တို့တွင် လည်း အွန်လိုင်းလောင်းကစားဂိမ်းများအား သက်ဆိုင်ရာကလာရောက်စစ်ဆေးသွား ကြောင်း သိရသည်။

Regina hotel သည် ၂၀၀၂ ခုနှစ်ထဲကတည်းက( မလေးရှား နှင့် ထိုင်း ) မှမြေဌားရမ်း ပြီး အဆင့်မြင့် ဂေါက်ကွင်းနှင့်ဟိုတယ် တည်ဆောက် ဖွင့်လှစ်ထားကာ မြန်မာပြည် ၏ ပထမဆုံးသော ကာစီနိုရုံ ပါသော ဟိုတယ်ဟုပင်ဆိုနိုင်သည့် နာမည်ကြီး ကာစီနိုရုံ တစ်ခုဖြစ်သည်။