သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သမီးကိုသတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြံစည်ခဲ့သည့် မြန်မာအမျိုးသမီး ကိုလန်းကျွန်းတွင် ထိုင်းရဲဖမ်းဆီးရမိ

သမီးကိုသတ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြံစည်ခဲ့သည့် မြန်မာအမျိုးသမီး ကိုလန်းကျွန်းတွင် ထိုင်းရဲဖမ်းဆီးရမိ

Hsan Loi Editor
03/04/2026
Share:
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အသက် ၇ နှစ်အရွယ်ရှိ ၎င်းသမီးဖြစ်သူကို လည်ပင်းညှစ်သတ် ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ကိုလန်း (Koh Larn) ကျွန်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က မင်းပူရီခရိုင်၊ ရမ်းခမ်းဟမ်း လမ်းသွယ် ၁၉၀( Soi 5)ရှိ နေအိမ်တစ်လုံးမှာ ဖြစ်ပွားသွားတာဖြစ်ပါတယ်။
ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းမှာ မက်ထရိုပိုလစ်တန် ရဲတပ်ဖွဲ့ တိုင်း(၃) မှ အရာရှိများနဲ့ ပတ္တရား ခရီးသွား ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ချွန်ပူရီပြည်နယ်၊ ပတ္တရားကမ်းလွန်ရှိ ကိုလန်းကျွန်းပေါ်မှ ဟိုတယ်အခန်း တစ်ခုအတွင်းမှာ တရားခံကို ခြေရာခံဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တရားခံဖြစ်သူ မမျိုးပပထွန်း အား စုံစမ်းစစ်ဆေးရာမှာ သမီးဖြစ်သူအား လည်ပင်းညှစ်သတ်ခဲ့ကြောင်း စကားပြန်မှတစ်ဆင့် ဝန်ခံထွက်ဆိုခဲ့တာဖြစ်ပါတယ်။
သူ့ထွက်ဆိုချက်အရ ဧပြီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကိုယ်ရေးကိုယ်တာ ပြဿနာများကြောင့် စိတ်ဖိစီးမှု ပြင်းထန်နေသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ဆုံးဖြတ်ခဲ့ပြီး သမီးဖြစ်သူကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားရန် ကြံစည်ခဲ့တာဖြစ်ပြီး ကလေးငယ်ကို အရင်သတ်ဖြတ်ခဲ့သော်လည်း မိမိကိုယ်ကိုယ် သတ်ရန် သတ္တိမရှိတော့သဖြင့် ကိုလန်းကျွန်းသို့ ထွက်ပြေးခဲ့တာလို့ ဝန်ခံခဲ့ပါတယ်။
ဒါ့အပြင် သူဟာ စိတ်ကျရောဂါ ခံစားနေရသလို ဘဝအခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
သူမဟာ ဘရူနိုင်းနိုင်ငံမှာ သွားရောက်အလုပ် လုပ်ကိုင်ရာမှ မကြာသေးမီကမှ ပြန်လည်ရောက်ရှိ လာသူဖြစ်ပြီး အခင်းမဖြစ်ပွားမီ ရက်ပိုင်းအလိုကမှ သမီးဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ထိုင်းအာဏာပိုင်တွေက တရားခံအား ဆက်လက်စစ်ဆေးနိုင်ဖို့ မင်းပူရီရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
#Ref: Khasod News