သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လားရှိုးတွင်ပစ္စည်းပို့ခ ပိုတောင်းသည့် ကားသမား ပစ်ခတ်ခံရ

လားရှိုးတွင်ပစ္စည်းပို့ခ ပိုတောင်းသည့် ကားသမား ပစ်ခတ်ခံရ

Hsan Loi Editor
02/04/2026
Share:
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ကားဂိတ်တစ်ခုအနီးတွင် ယနေ့ ဧပြီ ၂ ရက် နံနက်ပိုင်းက ပါဆယ်ထုတ်ပစ္စည်း လာပို့သည့် အသက်၂၅ နှစ်အရွယ် ယာဥ်မောင်းတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
“ ကားသမားက ပါဆယ်ထုတ် တန်ဖိုးကြီးတယ်ပြောပြီး ပိုတောင်းတော့ ကားထဲလိုက်ယူဆိုပြီး ကားထဲက ပစ်လိုက်တာလို့ သိရတယ် ၊ အခုဆေးရုံးမှာ လည် ပင်းတော့ ထိထားတယ်ကြားတယ်၊ ကားသမားတွေက အကုန်ကြောက်နေရတယ် ရှာစားရတာမလွယ်ဘူး ” ဟု လားရှိုးယာဥ်လိုင်းပြေးဆွဲနေသူတစ်ဦးကပြောသည်။
သေနတ်ထိမှန်သူ ယာဥ်မောင်းမှာ ပန်ဆန်း – လားရှိုး ပြေးဆွဲနေသည့် ကားသမားတစ်ဦးဖြစ်ပြီး “ဝ” ဒေသ၊ ပန်ဆန်းမှ သယ်လာသော ပစ္စည်းသယ်ဆောင်ခ တောင်းစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
လားရှိုးမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ပြီးနောက် ခိုး၊ ဆိုး၊ လု၊ နှိုက် အမှုများအပြင် လူသတ်မှု ပြန်ပေးဆွဲမှုများ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင်လည်း လားရှိုးမြို့ ၊ ရပ်ကွက် – ၅ ရှိ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးကို အရပ်ဝတ်ဖြင့် သေနတ်ကိုင် ၃ ဦးက သေနတ်ထောက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့ကြောင်းသိရသည် ။
Photo-credit