သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီးမြို့ နာရီစင်ညဈေးနေရာ ကားပါကင် ၇ ထပ် အဆောက်အဦး ဆောက်လုပ်ရန် စည်ပင်နှင့် သီဟဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီတို့ စာချုပ်ချုပ်ဆို

တောင်ကြီးမြို့ နာရီစင်ညဈေးနေရာ ကားပါကင် ၇ ထပ် အဆောက်အဦး ဆောက်လုပ်ရန် စည်ပင်နှင့် သီဟဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီတို့ စာချုပ်ချုပ်ဆို

Hsan Loi Editor
31/03/2026
Share:
နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိ တောင်ကြီးမြို့ နာရီစင်ညဈေးကို ဖျက်သိမ်းပြီး ကားပါကင် ၇ ထပ် အဆောက်အဦး ဆောက်လုပ်ရန် စည်ပင်နှင့် သီဟဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုထားကြောင်းသိရသည်။
သျှမ်းပြည်နယ်စည်ပင်သာယာရေးဌာနနှင့် သီဟဖွံ့ဖြိုးတိုး တက်ရေးကုမ္ပဏီတို့အကြား အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုပွဲကို ယနေ့ မတ်လ ၃၁ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သည်။
တောင်ကြီးမြို့ရှိ အထင်ကရ နာရီစင်ညဈေးတန်းတွင် ရောင်းချနေကြသည့် ဈေးသည်များအနေဖြင့် လာမည့် မဟာသင်္ကြန်ကာလအပြီး ဧပြီလ ၁၈ ရက်နေ့ကို နောက်ဆုံးထား၍ နေရာဖယ်ရှားပေးရန်နှင့် ဈေး၏မြောက်ဘက်ရှိ ကုန်သည်လမ်းသို့ ပြောင်းရွှေ့ရန် စည်ပင်က ကြီးကြပ်သော ညဈေးတန်းကြီးကြပ်မှုကော်မတီက ညွှန်ကြားထားကြောင်း သိရှိရသည်။
အဆိုပါ ညစျေးတွင် စျေးရောင်းနေသော စျေးသည်များအနေနှင့် နေရာသစ်ဖြစ်သော ကုန်သည်လမ်းတွင် ပြန်လည်ရောင်း ချလိုသည့် ဈေးသည်များအနေဖြင့် လျှောက်လွှာများ ပြန် လည်တင်သွင်းကြရန် ဈေးသည်များထံမှ သိရသည်။
ထို့အပြင် ပြောင်းရွှေ့ရေးကိစ္စနှင့် ပတ်သက်၍ မတ်လ ၂၅ ရက်နေ့က တောင်ကြီးမြို့တော်ခန်းမတွင် ညဈေးတန်းကြီး ကြပ်မှုကော်မတီနှင့် ဈေးသည်များ တွေ့ဆုံအစည်းအဝေးပြုလုပ်ကာ အသိပေးပြောကြားခဲ့ခြင်း ဖြစ်ပြီး စျေးသည်များအနေနှင့် နေရာမဖယ်ချင်သော်လည်းသက်ဆိုင်ရာဖက်က အ စည်းအ ဝေးတွင် အပိုင်ပြောဆိုကာ ယာယီနေရာသို့ ရွှေ့ခိုင်းခြင်းဖြစ် ကြောင်း၊ လျှောက် လွှာတင်မှသာ နေရာပြန်ရမည်ဟု ပြော ဆိုထားကြောင်း သိရသည်။
လက်ရှိတွင်၄င်းနာရီစင်ညစျေးတန်း ဆိုင်ခန်းပေါင်း ၉၆ ခန်းရှိကာ ဈေးသည်များက နေ့စဉ် အမှိုက်ခွန်နှင့် ဈေးကောက်အဖြစ် မြို့နယ်စည်ပင်ကို ၁,၅၀၀ ကျပ်စီ ပေးဆောင်၍ လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ပြောင်းရွှေ့ရေးနှင့်ပတ်သက်၍ စျေးသူ/စျေးသားများ၏ လူမှုစီးပွားထိခိုက်ပြီး နေရာသစ်အတွက်လည်း အခက်အခဲများရှိနေဟု သိရသည်။
ပြည်နယ်စည်ပင်သာယာရေးဌာနညွန်မှူးစိုင်းထွန်းထွန်းကဈေးသူ/ ဈေးသားတွေနဲ့ ညှိနှိုင်းပြီးဖြစ်ပြီးယခုနှစ် မိုးမကျခင်ကာလမှာ လုပ်ငန်းစတင်တော့မှာဖြစ်ကြောင်း ယနေ့ကျင်းခဲ့သည့် သဘောတူစာချုပ်အခန်းအနားတွင်ပြောဆိုသွားကြောင်း သိရသည်။
သဘောတူစာချုပ်ပါ ဆောက်လုပ်ခွင့်ရ အဆောက်အဦးတွင် ကားစီးရေ ၄၂၁ စီး ရပ်နားနိုင်သော အဆင့်မြင့်ကားပါကင် ၅ ထပ်၊ ခေတ်မီဈေး ၂ ထပ်နှင့် မြေအောက်ထပ် အဆင့်မြင့် စားသောက်ခန်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရပြီးCity Square ဈေးဝယ်စင်တာ သို့ ဆက်သွယ်သည့် လူကူးခုံးကျော်တံတား ၂ စင်းနှင့် မြေအောက် ဥမင်ကားလမ်းတို့ ပါ ဝင်မည်ဟု သိရပြီး ရင်းနှီး မြှုပ်နှံငွေ ကျပ်သန်းပေါင်း ၃၇၃၁၉ ဖြင့် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၁၉၉၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် နာရီစင်ညဈေးသည် ယခုအခါ သက်တမ်း ၃၂ နှစ်ကျော်ရှိပြီဖြစ်သော တောင်ကြီးမြို့၏ သမိုင်းဝင် အထင်ကရနေရာတစ်ခုဖြစ်သလို ခေတ်အဆက် ဆက် ဒေသခံစျေးသူ/စျေးသားများ၏ မှီခို အား ထားရာ နေရာလည်းဖြစ်သည်။
Photo credit -taunggyi clock tower.