သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုတိယသမ္မတ အဖြစ်ရွေးချယ်တင်မြောက်ခံရ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုတိယသမ္မတ အဖြစ်ရွေးချယ်တင်မြောက်ခံရ

Hsan Loi Editor
31/03/2026
Share:
ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအသီးသီးမှာ ဒုတိယသမ္မတလောင်း ရွေးချယ်ဖို့အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ကြံ့ခိုင်ရေးပါတီက အဆိုပြုထားသူတွေ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ကြပါတယ်။
No photo description available.
လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ကွာခြားလွန်းတာမို့ ကြိုတင်မှန်းဆထားတဲ့ အတိုင်း ကြံ့ခိုင်ရေးပါတီဘက်က အဆိုပြုတင်ပြတဲ့ ဒုတိယသမ္မတလောင်းတွေကပဲ အနိုင်ရရှိခဲ့တာပါ။
လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်ရာမှာ ဒုတိယသမ္မတ အဖြစ် ကြံ့ခိုင်ရေးပါတီ က တင်သွင်းတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မဲရလဒ် ၂၄၇ မဲ အသာနဲ့ ဒုတိယသမ္မတ အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၂၆၃ ဦး ရှိတဲ့အနက် ကြံ့ခိုင်ရေးပါတီ က လွှတ်တော်ကိုယ်စားလှယ် ၂၃၁ ဦးရှိပြီး တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦး ရှိပါတယ်။
အလားတူပဲ အမျိုးသားလွှတ်တော်မှာလည်း ကြံ့ခိုင်ရေးပါတီက တင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး ကို မဲ ရလဒ် ၁၁၇ မဲ နဲ့ ဒုတိယသမ္မတ အဖြစ် အတည်ပြု ရွေးချယ်ခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၅၇ ဦး ရှိတဲ့အနက် ကြံ့ခိုင်ရေးပါတီက ၁၀၈ ဦးရှိပြီး တပ်ကိုယ်စားလှယ်က ၅၆ ဦး ရှိတာဖြစ်ပါတယ်။
တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က တင်သွင်းမယ့် ဒုတိယ သမ္မတ တစ်ဦးရဲ့ အမည် စာရင်းကိုတော့ ထုတ်ပြန်ကြေညာထားတာ မရှိသေးပေမယ့် ထွက်လာတဲ့ သတင်းတွေအရ လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ကို ရွေးချယ်တင်မြောက်သွားမယ်လို့ သိရပါတယ်။
အဆိုပါ ဒုတိယ သမ္မတ သုံးဦး အနက်မှ တစ်ဦးကို သမ္မတ အဖြစ် ပြည်ထောင်စု လွှတ်တော်မှာ ဆက်လက် မဲပေးရွေးချယ်သွားကြမှာဖြစ်ပါတယ်။