သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

စစ်တပ်အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ တပ်ချုပ်အသစ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြော

စစ်တပ်အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ တပ်ချုပ်အသစ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြော

Hsan Loi Editor
31/03/2026
Share:
အထက်အကြီးအကဲများရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်စွာ နိုင်ငံ့အကျိုး၊ စစ်တပ်အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းထမ်းဆောင်သွားမှာ ဖြစ်သလို အရပ်ဘက် – စစ်ဘက်ဆက်ဆံရေး တိုးတက် ကောင်းမွန်စေဖို့ တပ်တွင်း၊ တပ်ပြင်စည်းရုံးရေးကို အကောင်းဆုံး အကောင်အထည်ဖော် ဆောင်ရွက် သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က ပြောပါတယ်။
May be an image of dais
ဒီကနေ့ မတ်လ ၃၀ ရက် နေပြည်တော်ရှိ ဇေယျသီရိဗိမာန်မှာ ကျင်းပသွားတဲ့ စစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်လွှဲပြောင်းလက်ခံပွဲမှာ တပ်ချုပ်သစ်က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
May be an image of dais
ဒါ့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ချမှတ်ထားတဲ့အတိုင်း လိုက်နာကျင့်သုံးပြီး တိုက်စွမ်းအားနဲ့ တိုက်စွမ်းရည်ရှိတဲ့ စစ်တပ်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
May be an image of dais and text that says 'd'
အဲ့ဒီအခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ယနေ့မှာ စစ်တပ်ထဲ စတင်ဝင်ရောက်ခဲ့တဲ့အချိန်က စပြီး ရာထူးတာဝန်အသီးသီး ထမ်းဆောင်ခဲ့သည်မှာ ၅၂ နှစ်ခန့် ရှိပြီဖြစ်ကာ တပ်ချုပ် တာဝန်ကို ၁၅ နှစ်ကြာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး ခေတ်အဆက်ဆက် စစ်တပ်ခေါင်းဆောင်များရဲ့ မျှော်မှန်းတည်ဆောက်ခဲ့တဲ့အတိုင်း ခေတ်မီမျိုးချစ် တပ်မတော်ကြီး ဖြစ်အောင် ကြိုးပမ်းတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။
May be an image of dais and text
ယခုလက်ရှိ တာဝန်ယူထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်များကို ယနေ့မှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံကို လွှဲပြောင်းပေးအပ်လိုက်ပါကြောင်း၊ တပ်ချုပ်နဲ့ ဒုတပ်ချုပ် တို့ရဲ့ ဦးဆောင်မှုအောက်မှာ စစ်တပ်ရဲ့ တာဝန်တွေကို စုစည်းညီညွတ်စွာနဲ့ ကြိုးပမ်းဆောင်ရွက်ကြရန် မင်းအောင်လှိုင် က ပြောပါတယ်။
ဒီနေ့ ကျင်းပတဲ့ တပ်ချုပ်တာဝန်လွှဲပြောင်းလက်ခံပွဲမှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း လည်း တက်ရောက်ခဲ့ပါတယ်။
တပ်ချုပ်အသစ် ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဟာ ဗိုလ်သင်တန်း အပတ်စဥ် (၇၇)ဆင်းဖြစ်ပြီး မင်းအောင်လှိုင် ရဲ့ ယုံကြည်အားကိုးခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)မှာ တွဲဖက် အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာ/လုံ)မှာ တွဲဖက်အမှုဆောင်ချုပ်၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အတွင်းရေးမှူး၊ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်တာဝန်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) တာဝန်တို့ကို ထမ်းဆောင်ခဲ့သူဖြစ်သလို အာဏာသိမ်းတဲ့နေ့ အစောပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ် ဝင်ရောက်စီးနင်းမှုမှာလည်း အခုတပ်ချုပ်ဖြစ်လာတဲ့ ရဲဝင်းဦး က ဦးဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။