သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ဖို့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒီကနေ့မှာကျင်းပ

သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ဖို့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ဒီကနေ့မှာကျင်းပ

Hsan Loi Editor
30/03/2026
Share:
နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို ဒီကနေ့ မတ်လ ၃၀ ရက် နံနက် ၁၀ နာရီမှာ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။
ဒီကနေ့မှာ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ ၃ ဖွဲ့က ဒုသမ္မတ တစ်ဦးစီ ရွေးချယ်တင်မြှောက်နိုင်ဖို့ အစည်းအဝေးကို သတ်မှတ်တဲ့နေရာမှာ ကျင်းပသွားမှာဖြစ်ပြီး အဲ့ကနေတဆင့် ရွေးချယ်တင်မြောက်ခံ ရတဲ့ ဒုသမ္မတ အမည်စာရင်းတွေကို ပြည်ထောင်စုလွှတ်တော်နာယက ထံမှာ တင်ပြရမှာဖြစ်ပါတယ်။
တစ်ဆက်တည်းမှာပဲ သမ္မတ စိစစ်ရေးအဖွဲ့ ဖွဲ့စည်းမှာဖြစ်ပြီး လွှတ်တော် နှစ်ရပ်ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁ ဦးနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁ ဦး စုစုပေါင်း ၇ ဦးဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။
သမ္မတစိစစ်ရေးအဖွဲ့က ရရှိလာတဲ့ ဒုသမ္မအမည်စာရင်းတွေကို သမ္မတအရည်အချင်း ပြည့်စုံမှု ရှိ/မရှိကို စိစစ်ရမှာဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက ဒုသမ္မတလောင်း (၃) ဦးအား မဲပေးရွေးချယ်ရမှာဖြစ်ပြီး မဲအများဆုံးရသူဟာ နိုင်ငံတော်သမ္မတအဖြစ်၊ ဒုတိယ မဲအများဆုံး ရသူက ဒုသမ္မတ (၁)နဲ့ မဲအနည်းဆုံး ရရှိသူက ဒုသမ္မတ (၂) အဖြစ် တာဝန်ထမ်းဆောင်ရမှာြဖစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ကိုယ်စားလှယ် ၄၂၀ ဦးရှိပြီး ရွေးကောက်ပွဲဝင်စရာမလိုတဲ့ တပ်ကိုယ်စားလှယ် ၁၆၆ ဦး စုစုပေါင်း ၅၈၆ ဦး ရှိတဲ့အတွက် သမ္မတဖြစ်ဖို့ ၂၉၄ မဲ ရဖို့ လိုပါတယ်။