သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီး ၊ မြတ်သူဓါတ်ဆီဆိုင်အနီးမီးလောင်မှု (၄) ဦးဒဏ်ရာ ရ၊ ဆိုင်ကယ် ၁၀ စီးထက်မနည်း မီးလောင်

တောင်ကြီး ၊ မြတ်သူဓါတ်ဆီဆိုင်အနီးမီးလောင်မှု (၄) ဦးဒဏ်ရာ ရ၊ ဆိုင်ကယ် ၁၀ စီးထက်မနည်း မီးလောင်

Hsan Loi Editor
27/03/2026
Share:
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက် နှင်းဆီလမ်းနှင့် ဂုဏ်ထူးလမ်းထောင့် မြတ်သူ ဓါတ်ဆီပန့်ဆိုင်အနီးတွင် မတ်လ ၂၇ ရက် ၊ မနက်ပိုင်း ၁၀ နာရီခွဲ အချိန်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
May be an image of one or more people and text
ဂဲစ်ဘူးဖြင့်ထမင်းချက်ရာမှနေအိမ် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး လူ (၄) ဦး ဒဏ်ရာရကာ အိမ်အောက်ထပ်၌ဖွင့်လှစ်ထားသည့်ဆိုင်ကယ်ပြင်ဆိုင်မှ ဆိုင်ကယ် ၁၀ စီးထက်မနည်း မီးလောင်ကျွမ်း ခဲ့ကြောင်းသိရသည်။
May be an image of one or more people, temple and text
” ၄ ဦးဒဏ်ရာရရတယ် တစ်ဦးကိုတော့ အခြေအနေအရ စဝ်စံထွန်းဆေးရုံကိုပို့ထားတယ် ” အခုမီးလောင်တဲ့ အိမ်က ဂဲစ့် ဆိုင်နဲ့ရော ဓါတ်ဆီဆိုင်နဲ့ပါ နီးနီးလေးဗျ ၊ လူတွေလဲ အကုန်လန့်ကြတာပေါ့ ခုချိန်အကြောက်ရဆုံးက အိမ်တိုင်း နီးပါးဓါတ်ဆီတွေ ဝယ်လောင်ထားကြမှာပဲ ဒါ့ကြောင့် မီးမပေါ့ဆကြပါနဲ့ ” ဟု ပြည်တော်သာရပ်ကွက်နေပြည်သူတစ်ဦးက ပြော သည်။May be an image of one or more people
ထို မီးလောင်မှု ဖြစ်ပွားရာနေရာသို့ လူမှုကူညီရေး အသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများ ဝိုင်းဝန်း ငြိမ်းသတ်ခြင်းကြောင့် ၁၀ နာရီ ၅၀ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
May be an image of one or more people, speaker, crowd and text
ယမနေ့ညပိုင်းကလည်း တောင်ကြီးမြို့ နောင်လေကျေးရွာ အုပ်စု၊ မဲသောင်းရွာတွင် တောမီးလောင်ကျွမ်းရာ မြက်ခြောက် ဧရိယာ ၂ ဧကခန့် မီးလောင်ကျွမ်းခဲ့ ပြီး အလားတူ ဘုရားဖြူရပ်ကွက်၊ နယ်‌မြေ (၂) တွင်လည်း ယမန်နေ့ ညပိုင်းက တောမီး လောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
Photo credit -ကြက်ခြေနီ