သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တောင်ကြီး မြတ်သူဓါတ်ဆီဆိုင်အနီးတွင်မီး လောင် မှုဖြစ်ပွား ၊ ပြည်သူများထိတ်လန့်

တောင်ကြီး မြတ်သူဓါတ်ဆီဆိုင်အနီးတွင်မီး လောင် မှုဖြစ်ပွား ၊ ပြည်သူများထိတ်လန့်

Hsan Loi Editor
27/03/2026
Share:
တောင်ကြီးမြို့ ပြည်တော်သာရပ် ၊ မြတ်သူ ဓါတ်ဆီဆိုင်အနီး တွင် ယနေ့ နေ့နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က နေအိမ်တစ်လုံး မီး လောင်မှုဖြစ် ပွားခဲ့ကြောင်းသိရသည်။
May be an image of fire
” ဓါတ်ဆီဆိုင်နဲ့က နီးနီးလေးဆိုတော့ အရမ်းလန့်ကုန်ကြတာပေါ့ ၊ အိမ်ရှိပစ္စည်းနဲ့အိမ် တော့လောင်သွားတယ် လူထိခိုက်မိတာမကြားသေးဘူး ” ဟု အဆိုပါရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
မီးလောင်ကျွမ်းမှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများနှင့် ဝိုင်းဝန်း ငြှိမ်းသတ််ခဲ့ရာ ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် မီး ထိန်းနိုင်ခဲ့ကြောင်းသိရသည်။May be an image of fire
ယမနေ့ညပိုင်းကလည်း တောင်ကြီးမြို့ နောင်လေကျေးရွာ အုပ်စု၊ မဲသောင်းရွာတွင် တောမီးလောင်ကျွမ်းရာ မြက်ခြောက် ဧရိယာ ၂ ဧကခန့် မီးလောင်ကျွမ်းခဲ့ ပြီး အလားတူ ဘုရားဖြူရပ်ကွက်၊ နယ်‌မြေ (၂) တွင်လည်း တောမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား ခဲ့သေးကြောင်း သိရသည်။