သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တာချီလိတ်တွင် ဆိုင်ကယ်အကောင်းများအခိုးခံရသော်လည်း ဖမ်းဆီး ရမိစဥ် ဆိုင်ကယ်အဟောင်းများသာဖြစ်နေ ဟုဆို

တာချီလိတ်တွင် ဆိုင်ကယ်အကောင်းများအခိုးခံရသော်လည်း ဖမ်းဆီး ရမိစဥ် ဆိုင်ကယ်အဟောင်းများသာဖြစ်နေ ဟုဆို

Hsan Loi Editor
26/03/2026
Share:
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့‌ပေါ်ရပ်ကွက်များ တွင် မော်တော်ဆိုင် ကယ် ခိုးယူခံရမှု မကြာ ခဏဖြစ်ပွားနေ ပြီး အ များစုမှာစျေးနှုန့်မြင့်မားကာ တန်ဖိုးကြီးသော ဆိုင်ကယ်အ မျိုး အစားဖြစ်သော် လည်း ဆိုင်ကယ် သူခိုးများနှင့်အတူ ဖမ်း ဆီးရမိသည့်အခါ ဆိုင်ကယ် အဟောင်း အစုတ်သာဖြစ်နေကြောင်း မြို့ခံ များထံမှသိရသည်။
May be an image of motorcycle, dirt bike, scooter and text that says 'N'
” ဒီမြို့မှာ အခိုးခံရတဲ့ ဘီးတွေ တော်တော်များများ က အ ကောင်းတွေများတယ် ဒါပေမဲ့ သူတို့မိလိုက်ရင် ဘီးအဟောင်းတွေချည်းပဲ ၊ ဆိုင်ကယ်ပျောက်ဖူးတော့အခုတစ်ခေါက် ကိုယ့်ဘီးလေးများပါမလားလို့ သွားစုံစံမ်းကြည့်တော့ အကုန်ဘီးအဟောင်းတွေ ချည်းပဲ ” ဟု မြို့ခံတစ်ဦးကပြောသည်။
May be an image of scooter and motorcycle
မတ်လ ၂၅ ရက်က တာလျီလိတ်တွင် ဆိုင်ကယ်ခိုးသူ ၄ ဦးကိုမော်တော်ဆိုင်ကယ် ၆ စီးနှင့်အတူ ဖမ်းဆီးရမိရသော်လည်း ခိုးရာပါဆိုင်ကယ်အများစုမှာ အဟောင်းများသာဖြစ်သည်ဟု ၄င်းကပြော သည်။
May be an image of scooter and motorcycle
ရဲသတင်းများထဲတွင် တာချီလိတ်မြို့ ပေါ်ရပ်ကွက်မျာအတွင်း လှည့်ကင်းလှည့်နေစဥ် ဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခဲ့ဖူးသူ ဆောင်းဦး(ခ)သားပုအား မသင်္ကာဖွယ်တွေ့ရှိ၍ တရုတ်နိုင်ငံထုတ် Kenbo Click အမျိုးအစား၊ နီ/နက်ရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိပြီး ဆက်လက်စစ်ဆေးချက်အရ ၎င်းနှင့်အတူ ဆိုင်ကယ်ခိုးမှုကျုးလွန်သူများဖြစ်သည့် ဝေယံထိုက်(ခ) နေမျိုးဦး၊ ကျော်ဇင်ထွေး(ခ)ကပ္ပလီနှင့် ထက်နိုင်ဆွေ(ခ) ထူးထူးတို့(၄)ဦးအား ခိုးယူထားသည့် သက်သေခံ ဆိုင်ကယ်မျိုးစုံ (၆) စီးနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု ဆိုထားသည်။
May be an image of one or more people, motorcycle and scooter
ထို့အပြင် အမှုမှ ဆိုင်ကယ်ခိုးယူခဲ့သူ ၄ ဦးအား ဥပဒေနှင့်အညီအရေး ယူဆောင်ရွက်ပြီးဆိုင်ကယ်ပျောက်ဆုံးသူများကို ရှာဖွေ ၍ ပိုင်ရှင်များထံပြန်လည်အပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထား သည်။
ခိုးခံရသည့် မော်တော်ဆိုင်ကယ်အားရဲစခန်းသို့ သွား ရောက်ထုတ်ယူရာတွင် ဆိုင်ကယ်လိုင်စင် ဝိတက်ပြားမပြနိုင်လျှင် စခန်းမှ ထုတ်ပေးခြင်းမရှိ သလို တာချီလိတ်မြို့ပေါ်ရှိမော်တော်ဆိုင်ကယ် အများစုမှာ လိုင်စင်မဲ့များ ဖြစ်သည့်အတွက် ခက်ခဲကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရှိရသည် ။
Photo credi