သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

တာချီလိတ်မြို့နယ်မှာ ပိုင်ရှင်မဲ့ မူးယစ်ချက်စခန်းနဲ့ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိ

တာချီလိတ်မြို့နယ်မှာ ပိုင်ရှင်မဲ့ မူးယစ်ချက်စခန်းနဲ့ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိ

Hsan Loi Editor
26/03/2026
Share:
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်) ကျေးရွာအုပ်စု၊ ကော့ရားကျေးရွာအနီးမှာ ခန့်မှန်းငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်။
May be an image of water heater, drill press, foundry and text that says 'တာချီလိတ်မြို့န နယ်၊ မိုင်းဟဲ့ မိုင်းဟဲ(အောက်)ကျေးရွာအိပ်စု၊ အောက်) ကျေးရွာအုပ်စု၊ ကောရားကျေးရှာအီ ကောရား ကော့ရားကျေးရာအနီးတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးရိုက်စက်အား တေ့ တွေ့မြင်ရစဉ်'
May be an image of lumberyard and text that says 'တာချီလိတ်မြို့ နယ်၊ မိင်းဟဲ ဟဲ(အောက်)ကျေးရှာအုပ်စု၊ ကော့ရားကျေးရှာအနီးတွင် ကောရားကေ သိမ်းဆည်းရမိသည့် အဖြူရောင်ကဖင်းအမှုန့်များအား များအား တွေ့မြင်ရစဉ်'
May be an image of text that says 'တာချီလိတ်မြို့ နယ်၊ မိုင်းဟဲ့ အောက်) က်)ကျေးရွာအုပ်စု၊ ကော့ရားကျေးရွာအနီးတွင် သိမ်းဆည်းရမိသည့် စိတ် ကြွရူးသွပ်ဆေးပြားများထည့်ထားသည် ဆာလာအိတ်များအား တွေ့မြင်ရစ် Sie A'
လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ မတ်လ ၂၄ ရက် ညနေ ၃ နာရီခန့်အချိန်မှာ တာချီလိတ်မြို့ရဲ့ အနောက်မြောက်ဘက် မိုင်းဟဲ (အောက်)အုပ်စု၊ ကော့ရားကျေးရွာနဲ့ မီတာ ၂၀၀၀ ခန့်အကွာမှာ မသင်္ကာဖွယ်တဲတွေ တွေ့ရှိတာကြောင့် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါး ချက်လုပ်/ ထုပ်ပိုးတဲ့ မိုးကာတဲကြီး ၂ လုံး၊ ထမင်းစားဆောင်တဲနဲ့ လူနေမိုးကာတဲအပါအဝင် မိုးကာတဲ ၁၀ လုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
May be an image of cold frame and text that says 'တာချီလိတ်မြို့ နယ်၊ မိုင်းဟဲ မိုင်းတဲ(အောက်)ကျေးရွာအုပ်စု၊ ကျေးရွာအုပ်စု၊ ကောရားကျေးရှာအနီးတွင် သိမ်းဆည်းရမိသည့် ဖူးယစ်ဆေးဝါးအခြောက်ခံဘန်း၁ කടි တန်းအား တွေ့မြင်ရစဉ်'
May be an image of roe, smoked salmon and watermelon
May be an image of textNo photo description available.အဲ့ဒီမိုးကာတဲထဲမှာ WY စိတ်ကြွဆေးပြား ၆၉ သိန်း ပြား၊ စိတ်ကြွဆေးပြားအကြေ ၂၀ ကီလိုဂရမ်စီပါ ခြောက်အိတ်၊
ပန်းရောင်စိတ်ကြွဆေးမှုန့် ၂၀ ကီလိုဂရမ်စီပါ ၁၅ အိတ်၊ အိုက်စ် ၁ ကီလိုဂရမ်စီပါ ၄၉ ထုပ်၊ ကဖင်း ၁၅ ကီလိုဂရမ်စီပါ ၄၆ အိတ်၊ ကဖင်း ၂၀ ကီလိုဂရမ်စီပါ အိတ် ၇၀ တွေ့ရှိသိမ်းဆည်း ရမိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
May be an image of lumberyard
ဒါ့အပြင် မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ အခြောက်ခံစတီးဗန်း ၁၆ ဗန်း၊ မူးယစ်ဆေးဝါးမွှေစက် ၁ လုံး၊ ဂတ်စ်အိုး ၃၂ လုံး၊ မီးစက်အကြီး ၁ လုံး၊ မျောက်ခေါင်း တံဆိပ်အနံ့ဆေးရည် အလုံး ၂၀ စီပါ ၁၂ ဖာ၊ Promethazine တံဆိပ်ပါ ချောင်းဆိုးပျောက်ဆေး အလုံး ၂၅၀၊ ဗင်နီလင်း ၄၀ ကီလိုဂရမ်စီပါ ၄ အိတ်နဲ့ ဆက်စပ်ပစ္စည်းအများအပြား အပြင် Starlink Gen 3 တစ် လုံး တို့လည်း တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အခုသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို သက်ဆိုင် ရာသို့ လွှဲပြောင်းအပ်နှံပြီး စနစ်တကျ မီးရှို့ဖောက်ခွဲဖျက်ဆီးတာတွေ ဆက် လက်ဆောင်ရွက်သွားမှာ ဖြစ်သလို အဲဒီဒေသတဝိုက်မှာ မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာ ရှိနိုင်သေးတာကြောင့် နယ်မြေဖော်ထုတ်ရှင်းလင်းတာတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။