သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

လာမယ့် မတ် ၂၅ ရက်ကစပြီး ရုံးဝန်ထမ်းများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးမသွားဘဲ နေအိမ်မှ အလုပ်လုပ်ရန် စစ်ကော်မရှင်ကြေညာ

လာမယ့် မတ် ၂၅ ရက်ကစပြီး ရုံးဝန်ထမ်းများ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးမသွားဘဲ နေအိမ်မှ အလုပ်လုပ်ရန် စစ်ကော်မရှင်ကြေညာ

Hsan Loi Editor
23/03/2026
Share:
အခုလာမယ့် မတ်လ ၂၅ ရက်ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အရာထမ်း၊ အမှုထမ်းတွေအနေနဲ့ သက်ဆိုင်ရာ ရုံးဌာနသို့ မသွားဘဲ မိမိတို့ နေထိုင်ရာ အိမ်/အဆောင်ကနေ ရုံးလုပ်ငန်းဆောင်ရွက်ကြဖို့ ကာ/လုံက ယနေ့ မတ် ၂၂ ရက်ညပိုင်းမှာ ထုတ်ပြန်ကြေညာလာပါတယ်။
May be an image of one or more people
လက်ရှိမှာ လုံလောက်တဲ့ စက်သုံးဆီအရန် ရှိပေမယ့် အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ စွမ်းအင်စိန်ခေါ် မှုတွေ အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စက်သုံးဆီ သုံးစွဲမှု‌ တွေ ချွေတာလျှော့ချရန် ရည်ရွယ်လုပ် ဆောင်တာလို့ ဆိုပါတယ်။
အဲ့ဒီသတ်မှတ်ထားတဲ့ရက်မှာ ရုံးဝန်ထမ်း တွေအနေနဲ့ တာဝန်မှအပ ခရီးမသွားကြဖို့နဲ့ ယာဉ်သုံးစွဲမပြုကြဖို့ကန့်သတ် ကြေညာထားပါတယ်။May be an image of scooter, motorcycle and road
ပုဂ္ဂလိက အလုပ်ဌာနတွေအနေနဲ့လည်း အစိုးရရုံးဌာနတွေနည်းတူ (work from home) လို လုပ် ဆောင်မှုမျိုး အတတ်နိုင်ဆုံး ဆောင်ရွက်သွားကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
May be an image of scooter and motorcycle
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ဖို့ ရည်ရွယ်ပြီး စုံ၊ မ ယာဉ်သုံးစွဲတဲ့စနစ်နဲ့ စက်သုံးဆီဝယ်ယူတဲ့စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီး စက်သုံးဆီတင်သွင်း ရရှိရေးကိုလည်း နည်းလမ်းမျိုးစုံနဲ့ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
စက်သုံးဆီဝယ်ယူရာမှာ ပိုမိုအဆင်ပြေစေဖို့ဆိုပြီး ယာဉ်ရဲ့ စက်စွမ်းအင်အပေါ် မူတည်ပြီး ၁ ပတ်အတွင်း ဝယ်ယူခွင့်ပမာဏ သတ်မှတ်ကာ ၁ ပတ်အတွင်း တစ်ကြိမ်ဖြစ်စေ အများဆုံး ၂ ကြိမ်ခွဲ ဖြစ်စေ ဝယ်ယူနိုင်မယ့် စနစ်ကို Bar code နဲ့ QR code စနစ်အတွင်းထည့်ပြီး လာမယ့်အပတ်မှာ စတင်သွား မယ်လို့ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာနကလည်း ဒီနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားပြီးဖြစ်တဲ့အပြင် ပုံမှန်တင်သွင်းနေတဲ့ လမ်းကြောင်းနဲ့ အခြားလမ်း ကြောင်းကနေလည်း တင်သွင်းနိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်ထားတယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ဆိုပါတယ်။