ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

TNLA ၊ AA နှင့် PDF အဖွဲ့ဝင် ၅၀၀ ကျော်အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာဟုဆို

TNLA ၊ AA နှင့် PDF အဖွဲ့ဝင် ၅၀၀ ကျော်အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာဟုဆို

Hsan Loi Editor
20/03/2026
Share:
မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)တွင် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့မှ အလင်းဝင်လာသူ ၅၀၀ ကျော်ကို ကြိုဆိုပွဲနှင့် မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပွဲ ကို ယနေ့ မတ် ၁၉ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် မီဒီယာများက ဖော်ပြထားသည်။
May be an image of one or more people
အမျိုးသား (၄၅၃) ဦး၊ အမျိုးသမီး (၅၃) ဦး (စုစုပေါင်း ၅၀၆ ဦး) တို့သည် သည်သေနတ် (၇၈) လက်အပါ အဝင် လက်နက်ခဲယမ်းများစွာနှင့်အတူ အလင်းဝင်လာခဲ့ကြခြင်း ဖြစ်ပြီး စစ်ကော်မရှင်ဘက် မှ တာဝန်ရှိသူ များက လက်ခံကြိုဆိုခဲကြောင်း၊ ၎င်းတို့အား ခံဝန်လက်မှတ် ထိုးစေပြီး ထောက်ပံ့ငွေများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
May be an image of one or more people, table and text
၎င်းတို့သည် သပိတ်ကျင်း၊ မိုးကုတ်နှင့် တကောင်းတိုက်ပွဲအတွင်းမှ အလင်းဝင်ခဲ့ကြသူများဖြစ်ကြောင်းသိရသည်။
စိုးမိုးနယ်မြေအချို့မှ ခေတ္တဆုတ်ခွာပေးခဲ့ရသည့် ဖြစ်စဉ်တွင်အခက်အခဲများကြားတွင် ကြံ့ကြံ့မခံနိုင်သည့် မိသားစုဝင်အချို့နှင့် ရဲဘော်အချို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (နန်းတွင်း) မှ နည်းမျိုးစုံဖြင့် သွေးဆောင်ဖြားယောင်းမှုများ ပြုလုပ်ခဲ့ပါသည်။
May be an image of one or more people and crowd
မန္တလေးမြို့ပေါ်တွင် “ ဘာမှမလုပ်ပါဘူး၊ တံခါးဖွင့်ပေးထားပါတယ်၊ ပြန်လာခဲ့ပါ” ဟုဆိုကာ မြို့နယ်/ရပ်ကွက်အလိုက် ညွှန်ကြားချက်များထုတ်၍ သတင်းလွှင့် ပြန်ခေါ်ခဲ့ကြောင်း ၊ နန်းတွင်းထဲမှ စစ်ကောင်စီသည် အညံ့ခံရောက်ရှိလာသူများကို “ ကျန်ခဲ့သည့် ရဲဘော်များကို လက်နက်ချဖို့ စည်းရုံးပါ၊ တစ်ယောက်ရရင် သက်သာခွင့်ပေးမယ်” ဟုဆိုကာ ကင်းလွှတ်ခွင့်အမျိုးမျိုးဖြင့် ထပ်မံသွေးဆောင် ခိုင်းစေမှုများရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်TRIဗျူဟာက မတ်လ ၁၃ ရက်တွင် မန္တလေးတိုင်း (မြောက်ပိုင်း) PDF ရဲဘော်များသို့ အသိပေးချက်နှင့် တိုက်တွန်းချက် အဖြစ်ထုတ်ပြန်ထားသည်။
May be an image of text
ထို့အပြင် ရန်သူသာမက၊ သစ္စာဖောက်များနှင့် စစ်ကောင်စီ၏ အလိုတူအလိုပါ “ နှစ်ဖက်ချွန်” များကိုပါ တော်လှန်ရေးပြီးဆုံးသည်အထိ ခွင့်လွှတ်မည် မဟုတ်ကြောင်း TRIဗျူဟာအသိပေးထားသည်။