ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

ယခုနှစ် အင်းလေးရေပေါ်သင်္ကြန် နှင့်တောင်ကြီး လမ်း လျှောက်သင်္ကြန် စည်ကားစွာကျင်းပမည်ဟုဆို

ယခုနှစ် အင်းလေးရေပေါ်သင်္ကြန် နှင့်တောင်ကြီး လမ်း လျှောက်သင်္ကြန် စည်ကားစွာကျင်းပမည်ဟုဆို

Hsan Loi Editor
19/03/2026
Share:
သျှမ်းပြည်‌တောင်ပိုင်း တောင်ကြီး မြို့တွင် ယခုနှစ် သင်္ကြန် ပွဲတော်ကို လမ်း လျှောက်သင်္ကြန် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အင်းလေးတွင်လည်းရေပေါ်သင်္ကြန် ကျင်းပသွားမည်ဟုဒေသခံများ ထံမှသိရသည်။
No photo description available.
” တောင်ကြီးမှာအရင်နှစ်တွေတုန်းကလည်း လမ်း လျှောက်သင်္ကြန်လုပ်တယ် အစိုးရရုံးနားကတစ်ကွက်စာလောက်ပေါ့ ဒါပေမဲ့ ငလျှင်ကြောင့် မလုပ်လိုက်ရဘူး အင်းလေးလဲအတူတူပဲ ” ဟု တောင်ကြီး မြို့ခံ တစ်ဦးကပြောသည်။
တောင်ကြီးမြို့တွင် ဝန်ကြီးဌာနအလိုက် မဏ္ဍပ်များကိုမိန်း လမ်းမ တစ်လျှောက်တွင် ပြုလုပ်မည်ဖြစ်ပြီး ယိမ်းအက ပြိုင်ပွဲများနှင့် အစိုးရရုံးရှေ့တွင် လမ်း လျှောက်သင်္ကြန်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
” နိုင်ငံရေးမကောင်းပြီးနောက် ပိုင်းအရင်တုန်းကလို မဏ္ဍပ် တွေစည်းစည်ကားကားသိပ်မရှိဘူး အရင်နှစ်က ငလျှင် အခုနှစ်က ဓါတ်ဆီရှားတာနဲ့ သိပ်တော့မထင်ဘူး ” ဟု ဆိုသည်။
အင်းလေးရေပေါ် သင်္ကြန်ပွဲတော်ကိုလည်း တေးဂီတဖြင့် ဖျော်ဖြေခြင်း၊ ယိမ်းအကပြိုင်ပွဲ ၊ ရိုးရာသနပ်ခါးသင်္ကြန်နှင့် စတုဒီတာကျွေးမွေးခြင်းများဖြင့် စည်းကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်းဒေသခံများထဲမှ သိရသည်။
အင်းလေးရေပေါ်သင်္ကြန်ကို ၂၀၁၉ခုနှစ်က ပထမဆုံးအကြိမ်ဖြင့်စည်ကာစွာကျင်းပခဲ့ပြီး ယခင်၂၀၂၅ ခုနှစ်က ငလျင် ကြောင့်ရပ်နားထားရပြီး ယခုနှစ် ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
Photo – fb credit