ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ်

ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ်

Hsan Loi Editor
19/03/2026
Share:
သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA က ယမန်နေ့ ညပိုင်းမှာ အပြီးသတ် ထိန်းချုပ်လိုက်ပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။
ကိုးကန့်တပ် MNDAA က ဒရုန်းရာနဲ့ချီသုံးပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ယမန်နေ့ မွန်းလွဲပိုင်း အချိန်မှာ ကွတ်ခိုင်မြို့မှာရှိတဲ့ တအာင်းတပ် TNLA ရဲ့ ဗျုဟာကုန်း ကျသွားပြီး တအာင်းတပ်ဖွဲ့ဝင် မြို့ကိုဆုတ်ခွာပေးလိုက်ရတယ်လို့ မြေပြင်သတင်းရင်းမြစ်အရ သိရပါတယ်။
အခုမနက်ပိုင်း ကွတ်ခိုင်မြို့ပေါ်က အခြေအနေကတော့ တည်တည်ငြိမ်ငြိမ်ရှိနေပြီး စျေးဆိုင်အချို့လည်း စားသောက်ကုန်တွေ ပြန်လည်ဖွင့်လှစ်ရောင်းချပေးနေတယ်လို့ ကွတ်ခိုင်မြို့ခံတစ်ဦး ကပြောပါတယ်။
ဒီကနေ့ မတ်လ ၁၆ ရက် နံနက်ပိုင်းအချိန်က နမ့်ခမ်းမြို့နဲ့ နမ့်ဖက်ကာဘက်က ၁၂ မိုင်ကျေးရွာဘက်မှာ ကိုးကန့်တပ် MNDAA က ဒရုန်းနဲ့ တိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။