ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် USDP ဥက္ကဋ္ဌ ဦးခင်ရီ ရွေးချယ်တင်မြောက်ခံရ ဒုဥက္ကဋ္ဌ အဖြစ် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း ဖြစ်လာ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် USDP ဥက္ကဋ္ဌ ဦးခင်ရီ ရွေးချယ်တင်မြောက်ခံရ ဒုဥက္ကဋ္ဌ အဖြစ် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း ဖြစ်လာ

Hsan Loi Editor
19/03/2026
Share:
နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အဦမှာ ဒီကနေ့ မတ်လ ၁၆ ရက် နံနက် ၁၀ နာရီမှာ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတင်ကျင်းပနေပြီဖြစ်ပါတယ်။
တတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့ အစီအစဥ်မှာ သဘာပတိအဖြစ် USDP ပါတီက ဦးနန္ဒကျော်စွာ က တာဝန်ယူဆောင်ရွက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ရာမှာ USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ကို ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ အဖြစ် တစ်ဦးတည်း အမည်တင်သွင်းကာ ပြိုင်ဖက်မရှိဘဲ ဥက္ကဋ္ဌ အဖြစ် အတည်ပြုတင်မြောက်လိုက်တာဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌကိုတော့ ပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ ဦးမောင်မောင်အုန်း ကို ရွေးချယ်တင်မြောက်လိုက်တာပဲဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ၃ ပိုင်းလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အမတ်နေရာအများဆုံးရရှိတာဖြစ်ပြီး ပါတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးခင်ရီ ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာတဲ့ အတွက် နိုင်ငံတော်သမ္မတ နေရာနဲ့ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။