ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီး မပြောရဲတဲ့ကိစ္စတွေ ပြောနိုင် ဆိုနိုင်ရှိလာပြီလို့ စစ်ခေါင်းဆောင်ပြော

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီး မပြောရဲတဲ့ကိစ္စတွေ ပြောနိုင် ဆိုနိုင်ရှိလာပြီလို့ စစ်ခေါင်းဆောင်ပြော

Hsan Loi Editor
19/03/2026
Share:
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေရှိနေပြီး ယခင်က မပြောနိုင်၊ မပြောရဲတဲ့ကိစ္စတွေကို ပြောရဲ ဆိုရဲ ပြောနိုင်ဆိုနိုင်ရှိလာကြပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။
ယမန်နေ့က နေပြည်တော်ရှိ MICC-1 မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှာ စစ်ခေါင်းဆောင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားတာဖြစ်ပါတယ်။
စစ်ပွဲတိုင်း ဒါမှမဟုတ် လက်နက်ကိုင်ပဋိပက္ခတိုင်းဟာ နိုင်ငံရေးနဲ့ ကင်းလွတ်တာမဟုတ်တဲ့အတွက် နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာကြရမှာဖြစ်ကာ ဒီကနေ့ မိမိတို့ နိုင်ငံမှာ နိုင်ငံရေးအရ လွတ်လပ်မှုတွေ ရှိနေပြီး ယခင်က မမျှော်လင့်ရဲတာတွေ မျှော်လင့်နိုင်သလို ယခင်က မမက်ရဲခဲ့တဲ့ အိပ်မက်တွေကို မက်ခွင့်ရနေပြီလို့ သူကပြောပါတယ်။
စစ်ခေါင်းဆောင် က နိုင်ငံရေးအရ လွတ်လပ်စွာ ပြောဆိုနိုင်ပြီလို့ ဆိုပေမယ့် တကယ့်လက်တွေ့မှာတော့ ပြည်သူတွေရဲ့ နေ့စဥ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အာဏာပိုင်တွေရဲ့ မတရားလုပ်ဆောင်တာတွေကို မလိုလားအပ်တဲ့ ပြည်သူတွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လွတ်လပ်စွာ ထောက်ပြဝေဖန် ပြောဆိုနိုင်ခြင်း မရှိပါဘူး။
အဲ့ဒီလို မိမိတို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စစ်အုပ်စုတွေကို ဝေဖန်ပြောဆိုမိပါက ဖမ်းဆီးထိန်းထိမ်း ခြင်းခံရပြီး ပုဒ်မ ၅၀၅ (က) တပ်ကာ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူ ၂ သောင်းကျော်ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ရဲ့ အချက်အလက်အရ သိရပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် (၅) နှစ်နီးပါး ကာလအတွင်း မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သတင်း ရေးသားခွင့် အခြေအနေဟာ ဆိုးရွားလာခဲ့ပြီး သတင်းမီဒီယာသမား ၂၀၀ ကျော် ဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့ပြီး ယခု သတင်းသမား စုစုပေါင်း ၂၇ ဦးဟာလည်း အကျဥ်းထောင်အသီးသီးမှာ အကျဥ်းကျခံနေဆဲ ဖြစ်ပါတယ်။