အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

၁ လကျော် တိုက်ပွဲဆင်နွှဲပြီး တကောင်းမြို့ကို စစ်တပ်က အလုံးစုံပြန်လည်ထိန်းချုပ်နိုင်

၁ လကျော် တိုက်ပွဲဆင်နွှဲပြီး တကောင်းမြို့ကို စစ်တပ်က အလုံးစုံပြန်လည်ထိန်းချုပ်နိုင်

Hsan Loi Editor
13/03/2026
Share:
တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်းထဲက တကောင်းမြို့ကို မတ်လ ၁၂ ရက်နေ့က အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်တပ်က ယမန်နေ့မှာ ထုတ်ပြန်ထားပါတယ်။
May be an image of map and text that says 'တကောင်း ညောင်လေးပင် ↑ ١ ဆင်ညပ်ကုန်း မန်ကျည်းကုန်း ရေယာဉ် 1 လက်ပန်ကုန်း ဆယ်မင်းကုန်း မဘိမ်း น प 食 ↑ प ကိုးပင် น ပုတီးဖြူ ကြာညှပ် မြင်သာ 1 ဝါးရှိကု သီးကုန် ပေါက်တပင် ↑ ရှားတော ဒေါင်းပုန်း ١ က သပိတ်ကျင်း'
တကောင်းမြို့နဲ့ ဒေသတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ဖို့ စစ်ဆင်ရေးကာလ ၁ လကျော်အတွင်း တိုက်ပွဲ ကြီးငယ် ၈၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ် တပ်ဖွဲ့ဝင်အချို့ ကျဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်မျိုးစုံ ၄၀ လက်၊ ခဲယမ်း၊ ဗုံးသီးများ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရုပ်အလောင်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တကောင်းမြို့နဲ့ ဝန်းကျင်ဒေသကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်းက တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားနိုင်တာပဲဖြစ်ပါတယ်။
May be an image of ‎childrens toy and ‎text that says '‎အကြမ်းဖက်သောင်းကျန်းသူများထိမှ သိမ်းပိုက်ရရှိခဲ့သည့် လက်နက်/ခဲယမ်းများအား တွေ့မြင်ရစဥ် 料屋料 HPNEELILAHL IUEATAENIE 4料4 11年4! 三公 Pr91fIn KOREA KOREA KOREA 1B1 MILtiY مممهیه Iiit‎'‎‎
ယခု တကောင်းမြို့ကို ပြန်လည်သိမ်းပိုက်ထားတဲ့ စစ်တပ်က နေရပ်စွန့်ခွာသူတွေ ပြန်လည်ဝင်ရောက် နေထိုင်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စီမံဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။