အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန်

စက်သုံးဆီတန်းစီဝယ်ယူမှု လျော့နည်းစေရန် App ဖြင့် စစ်ဆေးပြီး မော်တော်ယာဥ်များကို တစ်ရက်တစ်ကြိမ်သာ စက်သုံးဆီများ ရောင်းချပေးသွားမည် တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ယနေ့မှ စပြီး စမ်းသပ်ကျင့်သုံး

စက်သုံးဆီတန်းစီဝယ်ယူမှု လျော့နည်းစေရန် App ဖြင့် စစ်ဆေးပြီး မော်တော်ယာဥ်များကို တစ်ရက်တစ်ကြိမ်သာ စက်သုံးဆီများ ရောင်းချပေးသွားမည် တောင်ကြီး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ယနေ့မှ စပြီး စမ်းသပ်ကျင့်သုံး

Hsan Loi Editor
12/03/2026
Share:
စက်သုံးဆီများ မပြတ်လပ်စေဖို့၊ အမှန်တကယ်လိုအပ်သူများ ဝယ်ယူနိုင်စေဖို့နဲ့ တစ်ရက်အတွင်း ၂−၃ ကြိမ် တန်းစီဝယ်ယူတာတွေ လျော့နည်းပပျောက်စေဖို့ဆိုပြီး စက်သုံးဆီ အရောင်းဆိုင်တွေမှာ Application စနစ်နဲ့ စစ်ဆေးပြီး ရောင်းချပေးတဲ့ စနစ်ကို ဒီကနေ့ မတ်လ ၁၂ ရက်မှာ စတင်အသုံးပြု သွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ယမန်နေ့ညပိုင်း ထုတ်ပြန်ထားပါတယ်။
May be an image of text
ကား (မော်တော်ယာဉ်)တွေအတွက် Wheel Tax ပေါ်ရှိ Barcode ကို scan ဖတ် စစ်ဆေးမှာဖြစ်ပြီး မော်တော်ဆိုင်ကယ်တွေအတွက် QR Code ထုတ်ပေးကာ ၁ ရက်အတွင်း စက်သုံးဆီ ၁ ကြိမ်သာ ဝယ်ယူခွင့်ရှိမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။May be an image of slow loris and text
အကယ်၍ ယာဉ်တစ်စီးဟာ တစ်ရက်အတွင်း ဆီဝယ်ယူပြီးသားဖြစ်ပါက နောက်ထပ်ဝယ်ယူဖို့ ကြိုးစားရင် မည်သည့်ဆိုင်မှာမဆို scan ဖတ်ပါက အဲ့ဒီရက်မှာ ဝယ်ယူခဲ့မှုကိုစနစ်မှ ပြသပေးမည်ဖြစ်ပြီး ဆီဝယ်ယူခွင့် ရရှိမှာမဟုတ်ဘဲ နောက်တစ်ရက်မှသာ ထပ်မံဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
May be an image of text that says '၄ စွမ်းအင်ဝန်ကြီးဌာနနေပြည်တော်ရှိ Online Monitoring Center တွင် အချိန်နှင့်တပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိမူးအခ နေပြည်တော်ကောင်စီနယ်မြေ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့ တောင်ကြီးမြို့တို့ရှိအရောင်းဆိုင် တို့ရှိ အရောင်းဆိုင် ဝန်ထမ်းများအား အသုံးပြုမည့် Control System စနစ်နှင့်စပ်လျဉ်း၍ လေ့ကျင့်သင်တန်းပေးခဲ့မူု မှတ်တမ်းဓာတ်ပုံ ရေန စွမ်းအင်ဝန်ကြီးဌာန ဆေးရေးဦးစီးဌာန ရန်ကုန်မြို့ REDMLNOTE OTE REDMI 03/11/2026 03/11/202410:05 10:05'
မော်တော်ဆိုင်ကယ်တွေရဲ့ Wheel Tax ပေါ်မှာ Barcode မပါရှိတဲ့အတွက် ယာဥ်ပိုင်ရှင်တွေအနေနဲ့ Wheel Tax ကို အရောင်းဆိုင်ဝန်ထမ်းထံ ပေးအပ်ပြီး ယာဉ်နံပါတ်နဲ့ သက်တမ်းကုန်ဆုံးရက်တွေကို Application မှာ ဖြည့်သွင်းကာ QR Code ထုတ်ယူရမှာဖြစ်ပါတယ်။May be an image of motorcycle, scooter and text
အဲ့ဒီ QR Code ကို ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားတာ ဒါမှမဟုတ် Print ထုတ်ကာ သိမ်းဆည်းထားနိုင်ပြီး စက်သုံးဆီ ဝယ်ယူချိန်တိုင်း QR Code ပြသရမှာဖြစ်ကာ တစ်ရက်ကို ၁ ကြိမ်သာ ဝယ်ယူနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီစနစ်ကို ယနေ့ မတ်လ ၁၂ နေ့မှစပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နဲ့ တောင်ကြီးမြို့တွေမှာ စမ်းသပ်အသုံးပြုသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ အခြားမြို့တွေမှာလည်း တိုးချဲ့သွားမှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။