ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

မြန်မာနိုင်ငံအတွင်း E-စီးကရက်နဲ့ ဆက်စပ်ပစ္စည်းများ သုံးစွဲရောင်းချမှုနဲ့ တင်သွင်းသိုလှောင်မှုများ တားမြစ်ပိတ်ပင်

မြန်မာနိုင်ငံအတွင်း E-စီးကရက်နဲ့ ဆက်စပ်ပစ္စည်းများ သုံးစွဲရောင်းချမှုနဲ့ တင်သွင်းသိုလှောင်မှုများ တားမြစ်ပိတ်ပင်

Hsan Loi Editor
20/02/2026
Share:
မြန်မာနိုင်ငံအတွင်းမှာ E-စီးကရက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တင်သွင်း၊ တင်ပို့တာ၊ သိုလှောင်ဖြန့်ဖြူး တာ၊ ရောင်းချတာ၊ လက်ဝယ်ထားရှိတာနဲ့ သယ်ယူ သုံးစွဲတာတွေကိုပါ တားမြစ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
May be an image of lighter
အဲ့ဒီ E-စီးကရက်နဲ့ ပတ်သက်တာမှန်သမျှကို အခုလ ဖေဖော်ဝါရီ ၁၈ ရက်စပြီး တားမြစ်ပိတ်ပင်တယ်လို့ စစ်ကော်မရှင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်တစ်ခုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အီလက်ထရောနစ် ရှီရှား ကိုလည်း တားမြစ်ကုန်စည်အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။
May be an image of lighter
လူငယ်တွေကြား အသုံးပြုမှုများလာတဲ့ E-စီးကရက်(Vape)ဟာ စီးကရက်နဲ့ အခြားဆေးလိပ်/ ဆေးရွက်ကြီး ထုတ်ကုန်တွေလို သုံးစွဲသူကို စွဲလမ်းစေတတ်တဲ့ နီကိုတင်းဓါတ်နဲ့ အသက်အန္တရာယ် ဖြစ်စေတဲ့ ဓါတုပစ္စည်းများစွာ ပါဝင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
E-စီးကရက် သောက်သုံးခြင်းကြောင့် အဆုတ်ကို ဆိုးရွာစွာ ထိခိုက်စေသလို ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားတယ်လို့ ဆိုပါတယ်။
E-စီးကရက်(Vape)တွေက ဆေးလိပ်ဖြတ်ဖို့ ကူညီပေးတယ်ဆိုတဲ့ အထောက်အထားဟာ မခိုင်လုံဘူးလို့ ဆိုထားပြီး ကျန်းမာရေးကို ထိခိုက်နိုင်ကာ ဆေးလိပ်မသောက်သူတွေ အထူးသဖြင့် ကလေးတွေနဲ့ လူငယ်တွေမှာ နီကိုတင်း စွဲလမ်းမှုကို တွန်းအားပေးနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောထားပြီး ဒါကို တားမြစ်ဖို့ တိုက်တွန်းထားပါတယ်။
Photo – Internet