ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

လားရှိုး နဲ့ သီပေါမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင်နှင့် ဒေသခံများကို MNDAA က အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်

လားရှိုး နဲ့ သီပေါမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင်နှင့် ဒေသခံများကို MNDAA က အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်

Hsan Loi Editor
12/02/2026
Share:
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်နဲ့ သီပေါမြို့နယ်အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင်နဲ့ ဒေသခံတစ်ဦး အား ကိုးကန့်တပ်မတော် (MNDAA)က အကြောင်းမဲ့ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ သျှမ်းမြောက်ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်မှာ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ ပန်ဆက်ကျေးရွာအုပ်ချုပ်ရေးကော်မတီဝင် လုံးစိုင်းမွန် အား MNDAA တပ်ဖွဲ့ဝင် ၅ ဦးက နေအိမ်မှာတင် လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး နားလင်းကျေးရွာဘက်မှာရှိတဲ့ MNDAA တပ်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ “ လုင်းစိုင်းမွန် က ရွာထဲမှာ အခွန်အခတွေကောက်ပြီး သျှမ်းတပ်ဖွဲ့ကို ထောက်ပံ့ပေးနေတယ်လို့ MNDAA ဘက်က စွပ်စွဲပြီး ရိုက်နှက်စစ်ဆေးခဲ့တာဖြစ်တယ်လို့” ဆိုပါတယ်။
လုံးစိုင်းမွန် အား ပြန်လွှတ်ပေးဖို့ နောင်မွန်ကျေးရွာအုပ်စုမှ ဒေသခံတွေ သွားရောက်တောင်းဆိုချိန်မှာ MNDAA ဘက်က သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခဲ့သလို “ အခွန်ကောက်ပြီး သျှမ်းတပ်ကို ဆက်ကူညီရင် အကုန်ဖမ်းပြီး သိန္နီဘက် ပို့ပစ်မယ် ” လို့ ထပ်မံခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။
နောက်ဆုံးမှာတော့ လုင်းစိုင်းမွန် က နောက်နောင် သျှမ်းတပ်ကို မကူညီတော့ပါဘူးလို့ ခံဝန် ကတိထိုးရပြီး အဲ့နေ့ ည ၇ နာရီခန့်အချိန်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်မှာလည်း သီပေါမြို့နယ်၊ နားနန်းကျေးရွာ အရှေ့ဘက်မှာ တပ်စွဲထားတဲ့ MNDAA တပ်ဖွဲ့ဝင်တွေက ရွာခံ စိုင်းကျော်လှ အား အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ကျေးရွာကော်မတီဝင် ၅ ဦးက သွားရောက်ညှိနှိုင်း အာမခံပေးရကာ အဲ့နေ့ မွန်းလွဲပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။
လက်ရှိ သျှမ်းမြောက်ဒေသ နယ်မြေစိုးမိုးရေးအတွက် MNDAA အနေနဲ့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဖိအားပေးတာ၊ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
May be an image of one or more people
Photo – လားရှိုးမြို့နယ်၊ ဝမ်စယ်ဒေသခံပြည်သူများအား MNDAA မှ ဖမ်းဆီးသွားစဥ် (ပုံဟောင်း)