ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ရွှေညောင်−ရပ်စောက်လမ်းပေါ်ရှိ ဘန်းကန်ဂိတ်မှာ အခွန်ကောက်နေတဲ့ စစ်တပ်ချင်း အဝေမတည့်လို့ ထိုးကြိတ်မှုဖြစ်ပွား

ရွှေညောင်−ရပ်စောက်လမ်းပေါ်ရှိ ဘန်းကန်ဂိတ်မှာ အခွန်ကောက်နေတဲ့ စစ်တပ်ချင်း အဝေမတည့်လို့ ထိုးကြိတ်မှုဖြစ်ပွား

Hsan Loi Editor
12/02/2026
Share:
သျှမ်းပြည်တောင်ပိုင်း၊ ရွှေညောင်−ရပ်စောက် ကားလမ်းပိုင်းပေါ်ရှိ ဘန်းကန်ဂိတ်မှာ အခွန်ကောက်စားနေတဲ့ စစ်တပ်အချင်းချင်း အဝေမတည့်လို့ လမ်းမပေါ်မှာ ထိုးကြိတ်မှုဖြစ်ပွားနေကြောင်း စုံစမ်းသိရပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်အချိန်မှာ ရပ်စောက်မြို့နယ်အစ ဘန်းကန်ရွာမှာ ဂိတ်အထိုင်ချထားတဲ့ စစ်အုပ်စုဟာ တွဲကားများထံမှ အခွန်ကောက်ခံပြီး အချင်းချင်း စကားများကြရာမှ ထိုးကြိတ်မှုဖြစ်ပွားခဲ့တယ်လို့ ခရီးသွားပြည်သူတစ်ဦးက Hsan Loi Voice ကို ပြောပါတယ်။
“ မနေ့က ၁၀ နာရီ ၂၀ မိနစ်လောက်အချိန်မှာ တွဲကားတစ်စီးဆီကနေ အခွန်ကောက်တာပေါ့၊ အဲ့ဒါသူတို့ ချင်း ဝေစားမျှစားတာ မတည့်တော့ ထထိုးကြတာ၊ ကျွန်တော်တို့ရှေ့မှာပဲ” လို့ ဆိုပါတယ်။
အဲ့ဒီဘန်းကန်ဂိတ်မှာ စစ်တပ် တပ်ဖွဲ့ တစ်ဖွဲ့ထည်း အထိုင်ချထားပြီး ကားကြီး၊ ကားငယ်နဲ့ ခရီးသွားယာဥ်တွေကို အခွန်ကောက်ခံနေတာဖြစ်တယ်လို့ သိရပါတယ်။