ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး

ရွာငံတွင် လက်နက်ကိုင်တစ်စု ဖမ်းဆီးခေါ်ဆောင်သွားသော ရွာခံ ၄ ဦး အလောင်းသာပြန်တွေ့

ရွာငံတွင် လက်နက်ကိုင်တစ်စု ဖမ်းဆီးခေါ်ဆောင်သွားသော ရွာခံ ၄ ဦး အလောင်းသာပြန်တွေ့

Hsan Loi Editor
11/02/2026
Share:
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ လယ်ကိုင်းရွာမှ အမျိုးသမီးတစ်ဦးနှင့်အမျိုးသား ၃ ဦးတို့ကို လက်နက် ကိုင် လူတစ်စု ဖမ်းဆီးခေါ်ဆောင်သွားရာမှ အလောင်းသာ ပြန်လည်တွေ့ရှိခဲ့ကြောင်း ​ဒေသတွင်း သတင်းရင်း မြစ် ထံမှသိရသည်။
“ သူတို့က(သေဆုံးသူ) ဘယ်အဖွဲ့ကမှ မဟုတ်ဘူး သာမန်အရပ်သားတွေလို့ပဲ သိထားကြတာ၊ ဘာကြောင့်လဲတော့သေချာ မသိဘူး၊ လက်ရှိ ဒီသတင်းကြောင့် ကျေးရွာနေလူထုတွေ တော်တော် ကြောက်လန့်နေကြတယ်၊ဘယ်လက်နက်ကိုင်မဆို အကုန်ကြောက်နေရတယ် ဒီမှာက ” ဟု ရွာငံ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်က အရပ်ဝတ် လက်နက် ကိုင် အဖွဲ့တစ်ဖွဲ့ လယ်ကိုင်းရွာအတွင်း ဝင်ရောက်လာပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီးတစ်ဦး တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး နှစ်ပတ်အကြာတွင် ရွာမြောက်ဘက် မနီးမဝေး ချောင်းရိုးအတွင်း သေဆုံးလျက် ပြန်တွေ့ရခြင်း ဖြစ်‌ကြောင်းသိရသည်။
ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီသတင်းပေး ဒလန်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှင်းလင်းသည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးပါသည်။ သို့ရာတွင် ယခုနောက်ပိုင်း၌ ဒလန်ဟု ခေါင်းစဉ်တပ်ကာ ပုဂ္ဂိုလ်ရေး မကျေနပ်မှုများဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်လာခြင်းမျိုး ဖြစ်လာမည်ကို ဒေသခံအများစုက စိုးရိမ်ပူပန်လျက်ရှိသည်ဟု ဒေသခံက ဆိုသည်။
သေဆုံးသူများမှာ အသက် ၅၄ နှစ်အရွယ် ဦးစံရွှေမြင့်၊ အသက် ၄၃ နှစ်အရွယ် ဦးကျော်မိုးသူ၊ အသက် ၄၄ နှစ်အရွယ် မဝေဆုလှိုင်နှင့် အသက် ၆၃ နှစ်အရွယ် အမျိုးသားတစ်ဦး (အမည်စုံစမ်းဆဲ) တို့ဖြစ်ကြပြီး ၄င်းတို့ရုပ်အလောင်းများကို ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် ရွာ၏မြောက်ဘက်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွာငံ လယ်ကိုင်းရွာနှင့် အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များဖြစ်ကြသော DSNDA ၊ အမှတ် – ၁၀၀၃ Danu PDF နှင့် DPLA ပူးပေါင်း ဂျိုးဖြူအဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည့် ဒေသတစ်ခုလည်း ဖြစ်သည်။