တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းပြည်အမျိုးသားနေ့မှာ SSA တပ်ဖွဲ့နဲ့အတူ ချီတက်လာတဲ့ ရိုင်ဖယ်တပ် စက်ရုပ်ခွေး အား လူအများကစိတ်ဝင်စား

သျှမ်းပြည်အမျိုးသားနေ့မှာ SSA တပ်ဖွဲ့နဲ့အတူ ချီတက်လာတဲ့ ရိုင်ဖယ်တပ် စက်ရုပ်ခွေး အား လူအများကစိတ်ဝင်စား

Hsan Loi Editor
10/02/2026
Share:
ဖေဖေါ်ဝါရီလ ၇ ရက်နေ့က သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ ကျင်းပတဲ့ (၇၉) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားမှာ SSA တပ်ဖွဲ့ဝင်တွေနဲ့အတူ ချီတက်လာတဲ့ ရိုင်ဖယ်တပ် စက်ရုပ်ခွေး တစ်ကောင်ကို လူအများက စိတ်ဝင်စားနေကြပါတယ်။
အဲ့ဒီ စစ်ရေးစက်ရုပ်ခွေးဟာ တရုတ်နိုင်ငံ Unitree ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ခြေလေးချောင်း ထောက်နဲ့ လှုပ်ရှားနိုင်တဲ့ Unitree Go2 / Go2 Pro ဖြစ်ကာ ရိုင်ဖယ်သေနတ်မပါဘဲ စက်ရုပ်အလွတ် ပေါက်စျေးကို ဒေါ်လာ ၁,၆၀၀ ကနေ ၁၃,၀၀၀ ကြားရှိတယ်လို့ သိရပါတယ်။
No photo description available.
စက်ရုပ်ခွေးရဲ့ အရှေ့ဖက်မှာ ကင်မရာ sensor ပါဝင်ကာ နေ့ဘက်ရော ညဘက်ပါ ပတ်ဝန်းကျင်ကို စောင့်ကြည့်နိုင်ပြီး ခြေထောက်တွေက မညီမညာတဲ့ မြေပြင်ပေါ်မှာပါ လှုပ်ရှားနိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
ဒီစစ်ရေး စက်ရုပ်ခွေးကို အန္တရာယ်ရှိတဲ့နေရာတွေမှာ လူအစားထိုး စောင့်ကြည့်နိုင်ဖို့၊ ကင်းလှည့် ထောက်လှမ်း ရေး လုပ်ဆောင်ဖို့နဲ့ နောက်ပိုင်းမှာ တပ်သားတွေကို အန္တရာယ်ဇုန်ကနေ လျှော့ချပေးဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒီစက်ရုပ်ခွေးမှာ AI စနစ်ပါဝင်ပြီး လူကပဲ remote နဲ့ ထိန်းချုပ်ရတာဖြစ်ကာ GPS စနစ်လည်း ပါဝင်တာကြောင့် တိကျတဲ့နေရာတွေ သိနိုင်မှာပဲပါတယ်။
စက်ရုပ်ပေါ်မှာ တပ်ထားတဲ့ ရိုင်ဖယ်သေနတ်ကိုတော့ Stabilized mount နဲ့ တပ်ဆင်ထားတာဖြစ်ပြီး လှုပ်ရှားနေရင်တောင်မှာ တုန်ခါမှုကို လျော့ကျအောင် ဒီဇိုင်းထုတ်ထားတာဖြစ်ကာ ပစ်ခတ်မှုကိုတော့ လူကပဲ အဝေးကနေ ထိန်းချုပ်တာဖြစ်ပါတယ်။