နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

လားရှိုးမြို့နယ် ဝမ်စယ်ဒေသခံပြည်သူ ၉ ဦးကို MNDAA မှ မတရား ဖမ်းဆီးသွားပြီး ယနေ့ထိ ပြန်မလွတ်ပေးသေး

လားရှိုးမြို့နယ် ဝမ်စယ်ဒေသခံပြည်သူ ၉ ဦးကို MNDAA မှ မတရား ဖမ်းဆီးသွားပြီး ယနေ့ထိ ပြန်မလွတ်ပေးသေး

Hsan Loi Editor
04/02/2026
Share:
သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စု၊ ဝမ်စယ်ကျေးရွာမှ ဒေသခံပြည်သူ ၉ ဦးကို ကိုးကန့်တပ် MNDAA က မတရားဖမ်းဆီး ရိုက်နက်နှိပ်စက်ခဲ့ပြီး ယနေ့ချိန်ထိ ပြန်မလွှတ်ပေး သေးဘူးလို့ သိရပါတယ်။
May be an image of one or more people
ဖြစ်စဥ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်က ဝမ်စယ်ကျေးရွာရှိ ဒေသခံပြည်သူများပိုင်ဆိုင်တဲ့ လယ်ယာမြေတွေပေါ် မှာ ပိုင်ရှင်ကို အသိမပေးဘဲ ကိုးကန့်တပ် MNDAA က တရုတ်လုပ်ငန်းရှင်တွေ ခေါ်လာကာ ရွှေတူးဖော်ဖို့ စီစဥ်နေတာကို ဒေသခံတွေ ဝိုင်းကန့်ကွက်တဲ့အတွက် ဆန္ဒပြသူကို ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။
May be an image of one or more people and text that says '年曼偷鸡贼。 鸟贼。 财。 1H1I'
“ ဝမ်စယ်ဒေသခံရဲ့ လယ်မြေပေါ်မှာ MNDAA က ရွှေတူးဖို့ မြေရှင်တွေကို ခွင့်လည်းမတောင်းဘူး၊ ပြီးတော့ ဝမ်စယ်ချောင်းပေါ်မှာ သွားလာရေးအဆင်ပြေဖို့ ဒေသခံတွေက တံတားထိုးဖို့ပြင်တယ်ပေါ့၊ အဲ့ဒါကို သူတို့ ရွှေလာတူးမယ့် ဖောင်တွေ လာလို့မရမှာစိုးလို့ တံတားလည်းပေးမထိုးဘူး၊ အဲ့ဒါကို ဒေသခံ ရာနဲ့ချီသွားပြီး MNDAA ကို ဆန္ဒပြတာ၊ ဆန္ဒပြသူထဲက ရွာသား ၃၆ ဦး ဖမ်းသွားတယ်၊ ၂၇ ဦးကို ပြန်လွှတ်ပေးပြီး ၉ ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်” လို့ ဖြစ်စဥ်သိရှိသူ လားရှိုးဒေသခံ တစ်ဦးက ပြောပါတယ်။
လက်ရှိ MNDAA ဖမ်းဆီးထားတဲ့ ဒေသခံ ၉ ဦးမှာ စိုင်းလူ၊ စိုင်းစံမြ၊ စိုင်းပန်းစိန်၊ စိုင်းဆမ်၊ စိုင်းထွန်းကျော်၊ စိုင်းပွန့်၊ စိုင်းသန်းနဲ့ စိုင်းမောင် တို့ဖြစ်ကြပြီး အဲ့ဒီထဲက ၃ ဦးဟာ MNDAA တပ်ဖွဲ့က ရိုက်နှက်နှိပ်စက်ထားတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
MNDAA မှ ဖမ်းဆီးသွားတဲ့ ဒေသခံ ၉ ဦးကို ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းအချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။
May be an image of one or more people, slow loris, motorcycle, scooter and text
ဒေသခံပြည်သူတွေရဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းယူပြီး ရွှေတူးရန်လုပ်ဆောင်တာ၊ အပြစ်မဲ့ ပြည်သူများ ဖမ်းဆီးတာတွေကို ပြင်းထန်စွာကန့်ကွက်ပြီး မတရားဖမ်းဆီးခံ ရွာသားများကို အမြန်ဆုံး ပြန်လွတ်ပေးရန်နဲ့ ရွာသားများရဲ့ အသက်အန္တရာယ်ကို အာမခံပေးရန် ကိုးကန့်တပ်ဖွဲ့ MNDAA အား သျှမ်းကျောင်းသားသမဂ္ဂ (Tai Students’ Union) မှ တောင်းဆိုထားကြောင်း သိရပါတယ်။