တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

သျှမ်းတောင်က PDF အဖွဲ့ဝင် ၂၄ ဦး အလင်းဝင်လာတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်

သျှမ်းတောင်က PDF အဖွဲ့ဝင် ၂၄ ဦး အလင်းဝင်လာတယ်လို့ စစ်ကော်မရှင်ထုတ်ပြန်

Hsan Loi Editor
03/02/2026
Share:
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ အင်းလေး PDF ၊ ရှမ်း ( တောင် ) PDF ၊ ဓနုပြည်သူ့လွတ် မြောက်ရေး တပ်တော် (DPLA) တို့ရဲ့ အဖွဲ့ဝင်၊ စုစုပေါင်း၂၄ ဦးဟာ လက်နက် ၊ ခဲယမ်းတွေ နဲ့အတူ ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်လာတယ်လို့ စစ်ကော်မရှင်က ဒီကနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
May be an image of one or more people, people performing martial arts, dais and text that says 'လက်ခံ တောင်ကြီးမြို့ .အပါအဝင်အဖွဲ့အစည်းအမျှိုးမှ PDF အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် လက်နက်ကိုင်ဆ ာ၊င်လျက်ရှိ င်လျှက်ရှိန်တုအကြမ်းဖက်အုပ် ဆ့အကြွမ်းဖက်အုပ် းအတွင်းရောက်ရှိနေသူများ မည်ခံ၍ 3360 36 တွင်းပြ တွင်းပြရူည်သိ မှုအား များ င်းအပ်နှံပွဲအခမ်းအနား ၂-၂-၂၀၂၆'
အလင်းဝင်လာသူတွေကို ဖေဖော်ဝါရီလ ၂ ရက် မနေ့က တောင်ကြီးမြို့ ၊ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်မှာ ဆုချီးမြှင့်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ် ။
No photo description available.
စစ်ကော်မရှင်ဆီကို ဝင်ရောက်သူတွေထဲမှာ KNDF ၃ ဦး ၊ အင်းလေး PDF ၁ ဦး ၊ ရှမ်း ( တောင် ) PDF ၂ ဦး ၊ DPLA က အမျိုး သား ၁၂ ဦး နဲ့ အမျိုးသမီး ၆ ဦး စုစုပေါင်း အမျိုးသား ၁၆ ဦး ၊ အမျိုးသမီး ၆ ဦး ဝင်ရောက်လာပြီး သူတို့ဟာ တောင်ကြီး၊ ညောင်ရွှေ ၊ ကလော ၊ ရပ်စောက် ၊ ရွာငံမြို့၊ ပင်းတယမြို့ ၊ မိုးဗြဲ – ဖယ်ခုံမြို့ ၊ လွိုင်ကော်မြို့နယ် ကဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
May be an image of text
ထုတ်ပြန်တဲ့စာရင်းအရ မောင်းပြန်ရိုင်ဖယ် နှစ်လက် ၊ ကျည်အိမ် သုံးခု ၊ ကျည်အတောင့် ၄၀ ယူဆောင်လာကြပြီး သေနတ်တစ်လက်ကို ဆုငွေ သိန်း ၅၀ ကျပ် နဲ့ အလင်းဝင်လာသူအား လုံးကို ဆုငွေ ၂သိန်းကျပ်နှုန်းနဲ့ ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
May be an image of text that says 'ကျည်အိမ် ၃ခ ကျည် ၄၀ တောင့်'
စစ်ကော်မရှင် ထုတ်ပြန်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်တွေကနေ တစ်စုံတစ် ရာ ထုတ်ပြန်ပြောဆို ထားခြင်းမရှိသေးပေမဲ့ အင်းလေး PDF ကတော့ သူတို့တပ်ရင်းက မဟုတ်ကြောင်း တုန့်ပြန် ပြောဆိုထားပါတယ်။