နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

တောင်ကြီးအပါအဝင် မြို့နယ်အချို့တွင်စစ်ကောင် စီက လိုင်စင်မဲ့မော်တော်ယာဉ်များ ဆက်တိုက်ဖမ်း ဆီး

တောင်ကြီးအပါအဝင် မြို့နယ်အချို့တွင်စစ်ကောင် စီက လိုင်စင်မဲ့မော်တော်ယာဉ်များ ဆက်တိုက်ဖမ်း ဆီး

Hsan Loi Editor
03/02/2026
Share:
တောင်ကြီးမြို့နယ် အပါအဝင် မြို့နယ်(၇)မြို့နယ်တွင်ရက်ပိုင်းအတွင်း စစ်ကောင်စီက လိုင်စင်မဲ့ မော်တော် ယာဉ်များဆက် တိုက် ဖမ်းဆီးနေကြောင်းသိရသည်။
တောင်ကြီးမြို့ပေါ် တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်တွင် တကျော့ပြန်အသွင်ယူကာ လိုင်စင်မဲ့ကားများကို ဖမ်းဆီးလာခြင်း ဖြစ်ကြောင်းမြို့ခံများထံမှ သိရသည်။
” ဒီရက်ပိုင်းထဲပဲ ဆိုင်ကယ်တွေ ကားတွေ အဖမ်းကြမ်းနေတယ် အဓိက တောင်ကြီး လဝကရုံးနားမရောက်ခင် သစ်တောကားလေးကွင်းနားက မီးပွိုင့်လမ်းဆုံမှာ ပါကုန်တာ ဆိုင်ကယ်လဲဖမ်းတယ် ဦးထုတ်မဆောင်းတာ သုံးယောက်တင်မောင်းတာတွေကိို အဓိက စစ်ရင်း ပါကုန်တာဖြစ်ပီး တောင်ကြီးတက္ကသိုလ်က ကျောင်းသား/သူ လူငယ်တွေအပြင် အဲ့နားကို ဖြတ်သွားရင်းမိတဲ့ သူတွေလည်းပါတယ် ” ဟု တောင်ကြီးမြို့ခံတစ်ဦးကပြော သည်။
တောင်ကြီးမြို့ပေါ်တွင် ဇန်နဝါရီလ ၂၈ ရက်က လိုင်စင်မဲ့မော်တော်ယာဉ်များအား Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရောင်းချနေသော အမျိုးသား ၂ ဦးကို သက်သေခံ ကားနှင့်အတူ ဖမ်းဆီးပြီးနောက် နှစ်ဦးလုံးကို တောင်ကြီးမြို့မရဲစခန်းတွင်(ပ)၂၁/၂၀၂၆၊ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
တောင်ကြီးမြို့နယ် အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့ တွင် ယခုရက်ရက်ပိုင်းအတွင်းစစ်ကောင်စီက လိုင်စင်မဲ့ မော်တော်ယာဉ်များ ဆက်တိုက်ဖမ်းဆီးနေကြောင်းဒေသတွင်း သတင်းများအရသိရသည်။