နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကောင်စီနှင့် UWSA တို့ မူးယစ်ဆေးဝါး အတူတူ သွားဖမ်းဟုဆို

စစ်ကောင်စီနှင့် UWSA တို့ မူးယစ်ဆေးဝါး အတူတူ သွားဖမ်းဟုဆို

Hsan Loi Editor
30/12/2022
Share:

 

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် ယမန်နေ့က စစ်ကောင်စီအဖွဲ့နှင့် UWSA အဖွဲ့တို့ မိုင်းဆတ်မြို့နယ်၊ နားလောင်းရွာနှင့် ဆန်ကန်ရွာအတွင်းမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းတို့ လူမှုကွန်ယက်အကောင့်များက ယနေ့ ရေးသားဖော်ပြခဲ့ပါသည်။ ဝင်ရောက်ဖမ်းဆီးခဲ့သည့် လူပုဂ္ဂိုလ်နှင့် နေအိမ်တို့ကို ထုတ်ဖော်ပြသခြင်း မတွေ့ရပါ။

M-12 သေနတ် (၁) လက်၊ ကျည်အိမ် (၁) ခု၊ စိတ်ကြွဆေးပြား (၆,၁၀၂,၀၀၀) ပြား၊ ဆေးပြားအကြွေ (၁၆) ကီလို၊ ဘိန်းစိမ်း (၁၀) ထုပ်၊ မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၂၅၀၀၀) ခန့် ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

သာမာန်အားဖြင့် CCDAC Myanmar မူးယစ်အဖွဲ့သာ ယင်းကဲ့သို့သော မူးယစ်ဆေးဝါးဖမ်းမိသည့် သတင်းများကို ထုတ်ဖော်ရေးသားဖော်ပြလေ့ ရှိပါသည်။

စစ်ကောင်စီနှင့် UWSA ၂ ဖွဲ့စလုံးသည်လည်း အမေရိကန်ပြည်ထောင်စု အရေးယူပိတ်ဆို့ခံထားရသော အဖွဲ့များဖြစ်သည်။

#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/