နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်တပ်အာဏာသိမ်းတဲ့ ၅ နှစ်အတွင်း ဒီမိုကစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ၇၇၃၈ ဦးသေဆုံးခဲ့ပြီ

စစ်တပ်အာဏာသိမ်းတဲ့ ၅ နှစ်အတွင်း ဒီမိုကစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ ၇၇၃၈ ဦးသေဆုံးခဲ့ပြီ

Hsan Loi Editor
01/02/2026
Share:
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစပြီး စစ်တပ်က မတရားအာဏာသိမ်းမှုကြောင့် ၅ နှစ်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၇၇၃၈ ဦး သေဆုံးခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
May be an image of one or more people
ဒီကနေ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်တပ် အာဏာသိမ်းလာတာ ၅ နှစ်ပြည့်မြောက်တဲ့ နေ့ဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသား ၂၂၇၆၇ ဦး မတရား ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။May be an image of crowd and text that says 'ခြေခံသည်'
စစ်တပ်အာဏာသိမ်းတဲ့ ၅ နှစ်တာ ကာလအတွင်း အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တာ၊ အရပ်သား နေအိမ်တွေ စာသင်ကျောင်းတွေ သာသနိက အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ စစ်အုပ်စုက ဆက်လက်လုပ်ဆောင်နေပြီး မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
Photo – Internet