တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ | တောင်ကြီး-ဟိုပုံးလမ်းမှာ ရပ်ထားတဲ၁၂ဘီးကားကို ဆီဘောက်ဆာကားက အရှိန်လွန်ပြီး ဝင်တိုက်မိလို့ယာဥ်မောင်းတစ်ဦး ပွဲချင်းပြီး သေဆုံး | နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

နိုင်ငံ့ဝန်ထမ်းများအား Black Lists မှ ဖြေလျှော့ပေးတယ်လို့ ကာ/လုံ ထုတ်ပြန်

နိုင်ငံ့ဝန်ထမ်းများအား Black Lists မှ ဖြေလျှော့ပေးတယ်လို့ ကာ/လုံ ထုတ်ပြန်

Hsan Loi Editor
01/02/2026
Share:
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှောပေးတယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ယနေ့ ဇန်နဝါရီ ၃၁ ရက် ညပိုင်းမှာ ထုတ်ပြန် လာပါတယ်။
နိုင်ငံ့ဝန်ထမ်း အချို့ဟာ ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့အတွက် အမည်မည်းစာရင်း (Black Lists)မှာ ပါဝင်နေပြီး စိုးရိမ်ပူပန်စိတ်နဲ့ အခြားနေရာများသို့ ရှောင်တိမ်းနေကြရတယ်လို့ ဆိုပါတယ်။
May be an image of one or more people, crowd and text that says '입산 ရုံးမတက်နဲ့ ရုန်းထွက် CIVIL DISOBEDIENCE Fighpby ep Don'tAccept LITARYCOUC COUS 4o Don Don Coniker LITARY HELPUS CRIME adida'
လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ ဝန်ထမ်းများအနေနဲ့ မိမိတို့ ရောက်ရှိနေတဲ့ နေရာတွင်ရှိတဲ့ ယခင်တာဝန် ထမ်းဆောင်ခဲ့တဲ့ ဌာနရဲ့ ရုံးများသို့လည်းကောင်း၊ နီးစပ်ရာမြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ အစည်းများသို့လည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးများသို့လည်းကောင်း ပြန်လည် သတင်းပို့ပြီး အမည်မည်းစာရင်း(Black Lists)မှ ဖြေလျှော့ခွင့်တောင်းဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
May be an image of crowd and text
အဲ့ဒီလို ဆက်သွယ်လာသူတွေကို စိစစ်ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိတဲ့ ဝန်ထမ်းများနဲ့ ပြစ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျခံပြီးသော်လည်း Black Lists ထဲဝင်နေသူတွေကို အမည်မည်းစာရင်း(Black Lists)မှ ဖြေလျှော့ပေး လျက်ရှိတယ်လို့ ကာ/လုံရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ၅ နှစ်တာကာလ ပြည့်တဲ့အချိန်မှာ စစ်အုပ်စုက အခုလို ပထမဆုံး ဖြေလျော့ပေးလာတာပဲဖြစ်ပါတယ်။