နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

MNDAA က စစ်သုံ့ပန်း ၅၀၀ ဦး ပြန်လွှတ်ပေးပြီး အကျဥ်းသား ၉ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့်ပေး

MNDAA က စစ်သုံ့ပန်း ၅၀၀ ဦး ပြန်လွှတ်ပေးပြီး အကျဥ်းသား ၉ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့်ပေး

Hsan Loi Editor
26/01/2026
Share:
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) က စစ်သုံ့ပန်း ၅၀၀ ဦး ပြန်လွှတ်ပေး ခဲ့ပြီး အကျဥ်းသား ၉ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ MNDAA က ယမန်နေ့ ဇန်နဝါရီလ ၂၅ ရက် က ထုတ်ပြန်ထားပါတယ်။
“တာကျောင်” မဟာပူဇော်ပွဲ ကာလအတွင်း အထူးဒေသအုပ်ချုပ်ရေးအဖွဲ့ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ တရားစီရင်ရေး အာဏာပိုင်တွေရဲ့ တင်းကြပ်တဲ့ စိစစ်မှုနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပြီး အခြားသော အကျဥ်းသား ၄၉ ဦးကိုလည်း ဥပဒေနဲ့အညီ ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
May be an image of temple and text
အခုလို လုပ်ဆောင်တာဟာ စစ်သုံ့ပန်းတွေ ကောင်းမွန်တဲ့ အပြုအမူနဲ့ နေထိုင်ခဲ့လို့ ပြန်လွတ် ပေးတာဖြစ်ပြီး တရားဥပဒေစိုးမိုးရေး အာဏာသက်ရောက်မှုနဲ့ စနစ်ရဲ့ တိကျခိုင်မာမှုကို ဖော်ပြရုံ သာမက မူဝါဒပိုင်းဆိုင်ရာ စေတနာနဲ့ လူမှုရေးစောင့်ရှောက်မှုတို့ကိုပါ ပေါ်လွင်စေတယ်လို့ ဆိုပါတယ်။
May be an image of one or more people and text
၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း ဒစကမှူးအပါအဝင် အရာရှိနဲ့ အခြားအဆင့် စစ်သုံ့ပန်း ၂ ထောင်နီးပါး ဖမ်းဆီးခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ စစ်သုံ့ပန်းနဲ့ ၎င်းရဲ့မိသားစုကို ပြန်လည်လွှတ်ပေးခဲ့သလို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်ကလည်း စစ်အရာရှိတွေပါဝင်တဲ့ စစ်သုံ့ပန်း ၈၀ ကျော်ကိုလည်း ကိုးကန့်တပ် MNDAA က ပြန်လည်လွှတ် ပေးခဲ့ပါသေးတယ်။
Photo – The Kokang