နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ရွာငံမြို့နယ်မှာ အုပ်ချုပ်‌ရေးမှူးတစ်ဦးအသတ်ခံရပြီးနောက် အစစ်အဆေးကြမ်းနေ ဟုဆို

ရွာငံမြို့နယ်မှာ အုပ်ချုပ်‌ရေးမှူးတစ်ဦးအသတ်ခံရပြီးနောက် အစစ်အဆေးကြမ်းနေ ဟုဆို

Hsan Loi Editor
24/01/2026
Share:
သျှမ်းပြည်တောင်ပိုင်း ဓနုဒေသ ရွာငံမြို့နယ် မြိုင်စံပြကျေး ရွာအုပ်စု ၊ မြေနီကုန်းကျေးရွာအနီး ဝန်းကျင်အပြင် အလယ်ချောင်လမ်းဆုံ အဓိကလမ်းမကြီးတစ်လျှောက်တွင်စစ် ကောင်စီတပ်များ အင်အားချထားပြီး စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
” မြေနီကုန်းအုပ်ချုပ်‌ရေးမှူးအသတ်ခံရပြီးနောက် တိုက်ပွဲ တွေဖြစ်တယ် တစ်ချို့ဆိုလမ်းတစ်ဝက်ကလှည့်ပြန်ခဲ့ရတယ် ရွာအနီးနားမှာလဲစစ်တပ်က စစ်ဆေးရေးတွေကြမ်းတယ် ” ဟု ရွာငံနယ်ခံတစ်ဦးကပြောသည်။
ဇန်နဝါရီလ ၂၁ ရက် ညပိုင်းတွင် မြေနီကုန်းကျေးရွာ ၏ အုပ်ချုပ်ရေးမှူးဆိုသူ ၎င်း၏ နေအိမ်၌ပင် လုပ် ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပြီး မည်သည့်အဖွဲ့အစည်းက မှ ထုတ်ပြန်ထားခြင်း မရှိသေးသလို မည်သူမည်ဝါ လုပ်ဆောင်သည်ကို အတည်မပြုနိုင်ခြင်းမရှိ သေးပါဘူး။
ယင်းသို့ဖြစ်ပွားပြီးနောက် ဇန်နဝါရီလ ၂၂ ရက် နံနက် ၉ နာရီဝန်းကျင်တွင် မြိုင်စံပြကျေးရွာ အနီးတဝိုက်၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်းတေည်လှန်ရေးတပ်တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ အဲ့ဒီနေ့က ကလက်နက်ကြီးသံတွေအဆက်မပြတ်ကြားရတယ် လမ်းပိတ်လို့ ဆိုပြီးလှည့်ပြန်ကြတဲ့ ကားတွေအများကြီး နေ့လည်လောက်မှာပြန်လမ်းဖွင့်ပေးတယ် ” ဟု ရွာငံဒေသခံက ပြောသည်။
ရွာငံမြို့နယ်တွင် စစ်ကော်စီတပ် နှင့်ပျူစောထီးပူးပေါင်းတပ်၊ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLFနှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် (DSNDA)စသည့် လက် နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။